တောင်ကိုရီးယားမှာဆိုရင် ကောလိပ်ကျောင်းဝင်ခွင့်အတွက် စာမေးပွဲ ဖြေကြရပါတယ်။ အဲဒီစာမေးပွဲကရတဲ့ အမှတ်ကို ကြည့်ပြီး ဘယ်ကောလိပ်ကျောင်းဝင်ခွင့်ရလဲဆိုတာကို ဆုံးဖြတ်ကြတာပါ။ ငယ်ငယ်တုန်းက ကောလိပ်ကျောင်းဝင်ခွင့် စာမေးပွဲမှာ အထင်ကြီးလောက်စရာ အမှတ်တွေရခဲ့ကြတဲ့ ဆယ်လီတစ်ချို့ရှိပါတယ်။ တစ်နည်းအားဖြင့် ငယ်ငယ်တုန်းက စာတော်ခဲ့ကြသူတွေပါ။ သူတို့တွေကတော့…

#Kim Jung Hoon

Kim Jung Hoon ကတော့ အမျိုးသား(၂)ယောက်တွဲအဖွဲ့ UN နဲ့ ပွဲဦးထွက်ခဲ့သူပါ။ ဉာဏ်ကောင်းတယ်ဆိုပြီး နာမည်ကြီးပါတယ်။ ကောလိပ်ဝင်ခွင့်အမှတ်အများဆုံး (၄၀၀)မှာ သူရခဲ့တဲ့ အမှတ်က (၃၈၀ – ၃၉၀) ကြားပါ။ သူ့အမှတ်နဲ့ဆိုရင် ဆိုးလ်တက္ကသိုလ်ရဲ့  Pre-dentistry Program ကို ရခဲ့သူပါ။

#Han Ga In

မင်းသမီး Han Ga In ကလည်း သူမရဲ့ ကောလိပ်ဝင်ခွင့်အမှတ်က (၃၈၄) ပါ။ ဆေးကျောင်းတက်ခဲ့ချင်ခဲ့ပေမယ့် သူမရဲ့ နောက်ဆုံးဖိုင်နယ်စာမေးပွဲအမှတ်က ဆေးကျောင်းမှတ်ကို မကျော်လွန်ခဲ့တဲ့အတွက် ကိုယ့်ကိုယ်ကို ဆေးကျောင်းတက်ဖို့ ယုံကြည်မှုမရှိတာပါ။ ဒါကြောင့် Kyung Hee တက္ကသိုလ်မှာ Tourism Management သင်ယူခဲ့တာပါ။

#Song Joong Ki

ဆောင်ဂျွန်ကီကလည်း ဥာဏ်ကောင်းသူတစ်ယောက်ဆိုတာကို သူ့ရဲ့ ကျောင်းသားဘ၀က မှတ်တမ်းတွေကို ကြည့်ရင် သိနိုင်ပါတယ်။ အထက်တန်းတုန်းကဆိုရင် သူ့ရဲ့ Report Card မှာ A အဆင့်တွေချည်း ပြည့်နှက်ခဲ့သူပါ။ ကောလိပ်ဝင်ခွင့်အမှတ်ကတော့ သူရခဲ့တာ ၃၈၀ နဲ့ ၃၉၀ ကြားပါ။ Sungkyunkwan တက္ကသိုလ်မှာ Business Management သင်ယူခဲ့သူပါ။

#Lee Sang Yoon

မင်းသား Lee Sang Yoon ကတော့ ကောလိပ်ကျောင်းဝင်ခွင့်အမှတ် (၃၇၀) ရခဲ့သူပါ။ ဆိုးလ်တက္ကသိုလ်တက်ရောက်ခဲ့ပြီး စိတ်ပညာ အထူးပြုပါ။ ကောလိပ်ကျောင်းဝင်ခွင့် အမှတ်ကောင်းကောင်းရခဲ့ပေမယ့် ဘွဲ့တော့မရသေးဘူးလို့ သိရပါတယ်။

#Kim Tae Hee

Kim Tae Hee ရဲ့ အမှတ်ကတော့ တစ်နိုင်ငံလုံးရဲ့ ထိပ်ဆုံးနားထိရောက်ခဲ့ပါတယ်။ (၃၈၅- ၃၉၀) ကြား ရှိပါတယ်။ ဆိုးလ်တက္ကသိုလ်ရဲ့ Department of Natural Science ကို လျှောက်လို့ရခဲ့ပါတယ်။

#Rain

Trainee ကာလတုန်းက JYP ရဲ့ Park Jin Young က Rain ကို စာကို မလေ့လာရင် အဆိုတော်ဖြစ်ခွင့် မပေးနိုင်ဘူးလို့ ပြောခဲ့ပါတယ်။ Rain က စာကြိုးစားခဲ့ပြီး Kyung Hee တက္ကသိုလ်မှာ Post-modern Music မေဂျာ ယူခဲ့ပါတယ်။

#Im Si Wan

အဆိုတော် သရုပ်ဆောင် Im Si Wan ရဲ့ အမှတ်ကတော့ (၅၀၀)မှာ (၄၅၀)ပါ။ ဘူဆန်တက္ကသိုလ်မှာ Mechanical Engineering သင်ယူခဲ့ပါတယ်။ TOEIC မှာဆိုရင်လည်း အမှတ်(၈၂၀) ရခဲ့သူပါတယ်။ ဒါပေမယ့် အနုပညာအလုပ်ကို လုပ်ချင်လို့ ကျောင်းထွက်ခဲ့သူပါ။

# Kyuhyun(Super Junior)

သင်္ချာပညာရှင်ဆိုပြီး လူသိများပါတယ်။ ကျောင်းစာတော်ခဲ့သူပါ။ ဒါပေမယ့် စာမေးပွဲနေ့မှာ ကျန်းမာရေးမကောင်းဖြစ်ခဲ့ပါတယ်။ နားကျန်းမာရေးမကောင်းတဲ့အတွက် listening ပိုင်းမှာ အားနည်းခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ အမှတ်ဟာ တစ်နိုင်ငံလုံးရဲ့ (၅)ရာခိုင်နှုန်းထဲမှာပါပါတယ်။ Kyung Hee တက္ကသိုလ်မှာ Post-modern Music သင်ယူခဲ့ပါတယ်။

# Yeeun

အထက်တန်းတုန်းက အယောက်(၆၀၀)ရှိတဲ့အထဲမှာ သူမက ထိပ်တန်း(၁၀)ယောက်ထဲမှာ ပါပါတယ်။ ကောလိပ်ကျောင်းဝင်ခွင့်ကတော့ တစ်နိုင်ငံလုံးရဲ့ ထိပ်တန်း Top 5 ရာခိုင်နှုန်းထဲမှာ ပါပါတယ်။ Kyung Hee တက္ကသိုလ်မှာ Post-modern Music ကို သင်ယူခဲ့ပါတယ်။

from soompi

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။