ပရိတ်သတ်တွေ ၀က်ဝက်ကွဲအားပေးခဲ့ကြတဲ့ Secret Garden ရုပ်ရှင်ကတော့ အခုဆိုရင် ထွက်ရှိခဲ့တာ ၁၀ နစ်တိုင်တိုင်ရှိသွားခဲ့ပြီဖြစ်ပါတယ် ။ ၂၀၁၀ kdrama ကားတွေထဲမှာ နာမည်အကြီးဆုံး ဟာသရိုမန့် ကားတစ်ကားဖြစ်ခဲ့ပြီး ယနေ့တိုင်ပရိတ်သတ်ရင်ထဲစွဲကျန်ခဲ့တဲ့ကားလေးပါ။ ဒီအကြောင်းကိုတော့ Koreaboo မှာဖော်ပြထားပါတယ်။ (၁၀) နှစ်အကြာမှာတွေ့ရတဲ့ Secret Garden ဇာတ်ကားထဲက သရုပ်ဆောင်တွေ ဘာတွေများပြောင်းလဲသွားလဲဆိုတာကို ပရိတ်သတ်တွေ သိနိုင်ဖို့ သူတို့ရဲကလက်ရှိပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော် …
1.Ha Ji Won
View this post on Instagram
View this post on Instagram
Oska ကို တစ်ဖက်သတ်စွဲလမ်းနေတဲ့ ပရိတ်သတ်မိန်းကလေး ၊ စိတ်ဓာတ်မာကျော်တဲ့ စတန့်သမား “Gil Ta-im” အနေနဲ့ သရုပ်ဆောင်ခဲ့တဲ့ Ha Ji Won ကတော့ ဒီဇာတ်ကားနဲ့ ၀က်ဝက်ကွဲအောင်မြင်ခဲ့ပြီး ရုပ်ရှင် ၇ ကား၊ drama ၅ ကား ဆက်တိုက်ရိုက်ကူးခဲ့ပါတယ်။ အခုဆိုရင်တော့ သူမက အသက် ၄၂ နှစ်ရီပြီဖြစ်ပြီး အသက်အရွယ်နဲ့မလိုက်အောင် နုပျိုလှပနေဆဲမို့ ပရိတ်သတ်တွေ အချစ်ပိုနေရသူလေးပါ။
2.Hyun Bin

View this post on Instagram
Department store ရဲ့ CEO , ချောမောပေမယ့် မောက်မာတဲ့သူတစ်ဦးဖြစ်ခဲ့ သရုပ်ဆောင်ခဲ့တဲ့ မင်းသားချော Hyun Bin ကတော့ ၂၀၁၀ SBS drama award ဆိုကိုပါရရှိခဲ့ပြီး အောင်မြင်မှုမှတ်တိုင်စိုက်နိုင်ခဲ့တဲ့ပါတယ်။ ခေါင်းဆောင်မင်းသားအနေနဲ့ ဇာတ်ကားပေါင်းများစွာဆက်လက်ရိုက်ကူးခဲ့ပြီးတော့ Crash landing on you ဒရာမာဇာတ်ကားနဲ့ အခုချိန်ထိ ၀က်ဝက်ကွဲအောင်မြင်မှုတွေရယူနေဆဲပါ။ သူလည်း လွန်ခဲ့တဲ့ ၁၀ နှစ်ကအတိုင်း အပြောင်းလဲပဲ နုပျိုနေဆဲပါပဲ ….
3.Yoon Sang Hyun

View this post on Instagram
Yoon Sang Hyun ကတော့ ဒီကားမှာ နာမည်ကျနေတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ် ပါဝင်ခဲ့တာပါ။ Secret Garden ကားပြီးတဲ့နောက်မှာတော့ ဂီတဘက်မှာပိုမိုအားစိုက်ခဲ့ပြီး ဒရာမာအနေနဲ့ နောက်ဆုံးပါဝင်ခဲ့တာကတော့ ၂၀၁၈ ကထွက်ရှိခဲ့တဲ့ My Secret Terrius ပါ ။ ၂၀၁၅ မှာတော့ အဆိုတော့ MayBee နဲ့လက်ထပ်ခဲ့ပြီး သမီးလေးနှစ်ယောက် သားလေး တစ်ယောက် ရနေပါပြီ။
4.Kim Sa Rang

View this post on Instagram
မင်းသမီး Kim Sa Rang ကတော့ ဒီဇာတ်ကားပြီးနောက်မှာ This is My love, Abyss , Get Revenge တို့မှာပါဝင်ခဲ့ပါတယ်။ အခုဆိုရင်တော့ အသက် ၄၄ နှစ်ရှိပြီး အသက် ၃၀ လို့တောင်မထင်ရအောင် နုပျိုနေဆဲမို့ သူမရဲ့အလှကတော့ ပြောစမှတ်တွင်နေတုန်းပါ…
5.Lee Jong Suk

View this post on Instagram
ပါရမီရှင် Music genius Oska အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Lee Jong Suk ကတော့ ဒီဇာတ်ကားပြီးတဲ့နောက် Secret Farden , School 2013 တို့မှာပါဝင်ခဲ့ပြီး အရမ်းနာမည်ကြီးတဲ့မင်းသားဖြစ်ခဲ့ပါတယ်။ အခုဆိုရင်တော့ ဒရာမာ အများစုမှာ ခေါင်းဆောင်မင်းသားနေရာက ရိုက်ကူးနေပြီး မကြာခင်မှာလည်း စစ်မှုထမ်းပြီးစီးတော့မှာပါ ။
6.Yoo In Na

Gil Ra-im ရဲ့ အခင်ဆုံးသူငယ်ချင်းအဖြစ်သရုပ်ဆောင်ခဲ့တဲ့ Yoo In Na ကလည်း ခေါင်းဆောင်မင်းသမီးအဖြစ် ရိုက်ကူးခွင်တွေ့ ရခဲ့ပြီး အခုဆိုရင် အောင်မြင်တဲ့ မင်းသမီးချောအဖြစ် ဆက်လက်ရပ်တည်နေပါတယ် ။ သူမကလည်း အသက် ၃၈ လို့ မထင်ရလောက်အောင်ကို နုပျိုလှပနေတုန်းပဲနော်
#CELENOW