မိန်းကလေးပရိသတ်တွေမြောက်များစွာရှိတဲ့ BTS အဖွဲ့ သူတို့ရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့်  လတ်တလောမှာ အောင်မြင်မှုအသီးအပွင့်တွေကို ခံစားနေရတဲ့ တောင်ကိုရီးယားရဲ့ ဂုဏ်ယူစရာကောင်းတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။

သူတို့ဟာ အမေရိကရဲ့အောင်မြင်ကျော်ကြားသူတွေသာတက်ရောက်ခွင့်ရတဲ့ “American Music Awards”ကိုလည်း ဒီနှစ် ၂၀၁၇ခုနှစ်မှာ တက်ရောက်ခွင့်ရခဲ့ပါတယ်။

အဒီအခါမှာ RM က သူ့အတွက်တစ်ယောက်လောက်ရှာပေးပါလို့ပြန်စနောက်ပြီးတော့ “မလိုပါဘူး။ ဒီနေ့မှာဆို ထောင်နဲ့ချီတဲ့ ကျွန်တော်တို့ရဲ့ ကောင်မလေးတွေ ဒီပွဲကိုရောက်နေကြပါပြီ။ဒါကြောင့် ကျွန်တော်တို့ စိတ်မပူပါဘူး”လို့ RM ကပြောခဲ့ပါတယ်။ Taehyung ကလည်း “Come on, ARMYs” ဆိုပြီး  သူတို့ရဲ့ ပရိသတ်တွေကို နှုတ်ဆက်ခဲ့ပါတယ်။

Source: Kstarlive

Celenow Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။