Rap Monster ဟာဆိုရင်တော့ သူ့ရဲ့ အနုပညာနာမည်ကို RMလို့ ပြောင်းလိုက်တဲ့ အကြောင်းကို  BTSအဖွဲ့ရဲ့ official fan cafe မှာ ပရိတ်သတ်ကို  အသိပေးပြောကြားခဲ့ပါတယ်။

Rap Monster ဟာ သူငယ်ငယ်က ရေးခဲ့တဲ့ သီချင်းကြောင့် သူ့ကိုယ်သူ Rap Monster လို့စခေါ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။အဆိုတော်ဖြစ်ပြီးနောက်ပိုင်းမှာလည်း Rap Monster ဆိုတဲ့ နာမည်ကိုပဲ ဆက်ပြီးအသုံးပြုခဲ့ပေမဲ့ ဒီနာမည်က တော်တော်ရှည်ပြီးတော့ သူရှေ့လျှေက်လုပ်သွားမယ့် သီချင်းအမျိုးအစားမျိုးကို ဖန်တီးတဲ့အခါမှာ လည်း Rap Monster ဆိုတဲ့ နာမည်က လိုက်ဖက်မှုမရှိတဲ့ အတွက် သူ့နာမည်ကို ပြောင်းတာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ပြီးတော့ လူအများစုကလည်း သူ့ကို Rapmon ဒါမှမဟုတ် RMလို့ပဲခေါ်ကြတဲ့ အတွက်ကြောင့် ပြောင်းခဲ့တာဖြစ်ပါတယ်တဲ့။

ဒီ RMဆိုတဲ့ နာမည်နဲ့ ရှေလျှေက်မှာလည်း ပိုပြီးအမြင်ကျယ်ကျယ်နဲ့အသစ်သစ်သော အနုပညာအလုပ်တွေကို လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

“ကျွန်တော်ရဲ့ အနုပညာလမ်းကြောင်းမှာ မတူညီတဲ့ အပိုင်းအခြားတစ်ခုကို အမှတ်အသားလုပ်တဲ့ အနေနဲ့ RMလို့ နာမည်ပြောင်းခဲ့တာပါ”လို့ပြောခဲ့ပါတယ်။

RMဟာ နာမည်ပြောင်းမယ့် အကြောင်းကို စက်တင်ဘာလ ၂၀ရက်နေ့က DJ Ebro ရဲ့ radio showမှာလဲ ပြောခဲ့ပါသေးတယ်။

ပရိတ်သတ်တွေကတော့ RMဆီက အသစ်သစ်သော အနုပညာ လှုပ်ရှားမှုတွေကို စောင့်မျှော်နေကြပါပြီ။

Source: Koreaboo

Celenow Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။