BTS Boy band အဖွဲ့ရဲ့ အောင်မြင်မှုကတော့ အံ့မခန်းပါ။ Billboard စာရင်းအထိပါ ထိုးဖောက်နိုင်ခဲ့တဲ့ အဖွဲ့ပါ။ အခုဆိုရင်တော့ နောက်ထပ်အောင်မြင်မှုမှတ်တိုင်တစ်ခု ထပ်ပြီးတော့စိုက်ထူနိုင်ခဲ့ပြန်ပါပြီ။ ဒီတစ်ခါမှာတော့ Pop Music နဲ့ Apple Music’s A-List စာရင်းထဲမှာ ၀င်ခဲ့တာပါ။

အမေရိကန်ဂီတပညာရှင် Steve Aoki နဲ့remix လုပ်ထားတဲ့ “MIC Drop” သီချင်းက စာရင်းဝင်ခဲ့တာပါ။ BTS ဟာ Apple Music’s A-List စာရင်းဝင်နိုင်ခဲ့တဲ့ ပထမဆုံး K-pop အဖွဲ့ပါ။ နိုဝင်ဘာ (၇)ရက်နေ့မှာတော့ BTS ဟာ သူတို့ရဲ့ official Twitter အကောင့်မှတစ်ဆင့် ARMYs ကို ကျေးဇူးတင်ကြောင်းပြောခဲ့ပါတယ်။ Apple Music မှာ ပါဝင်ခွင့်ရခဲ့တဲ့ ပထမဆုံး k-pop အဖွဲ့ ဖြစ်လာအောင်လုပ်ပေးတဲ့ MICDrop Remix လုပ်ပေးလို့ ကျေးဇူးတင်ပါတယ်ဆိုပြီး  ပြောခဲ့ပါတယ်။

BTS ဟာ မကြာသေးမီကမှ  top 40 of Billboard’s Hot 100 စာရင်းဝင်ခဲ့တဲ့ ပထမဆုံး K-pop အဖွဲ့အဖြစ် သတ်မှတ်ခံခဲ့ရပါသေးတယ်။ “MIC Drop”  ဟာ U.S iTunes Top Songs Chart ရဲ့ နံပါတ်တစ်နေရာကိုတောင် ရခဲ့ပါသေးတယ်။ အမေရိကန်တင်မဟုတ်ဘဲ ဗြိတိန်၊ ဂျာမနီနဲ့တခြားနိုင်ငံတွေရဲ့ Charts မှာလည်း ထိပ်ဆုံးနေရာကနေ ရပ်တည်နိုင်ခဲ့ပါတယ်။

BTS ဟာ အရင်တုန်းက သူတို့အဖွဲ့နာမည်ဟာ (မြန်မာလိုဆိုရင် ကိုရီးယားမှာရှိတဲ့ ကျည်ဆံကင်းထောက်လူငယ်အဖွဲ့) Bulletproof Boyscouts in Korean (သို့) Bangtan Sonyeondan လို့ အဓိပ္ပါယ်ရတယ်လို့ ပြောခဲ့ပါတယ်။ အခုတော့ ကိုရီးယားတင်မဟုတ်ဘဲ ကမ္ဘာတစ်ဝန်းကိုပါ ထိုးဖောက်မယ်ဆိုတဲ့ Beyond The Scene လို့ အဓိပ္ပါယ်ပြောင်းလိုက်ပြီလို့ တရားဝင် ပြောခဲ့ပါတယ်။

from soompi

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။