တောင်ကိုရီးယား K-pop လူငယ်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ BTS ဟာ အိန္ဒိယသတင်းချန်နယ် NDTV နဲ့ အင်တာဗျူးဖြေဆိုခဲ့ကြောင်း pinkvilla သတင်းစာမျက်နှာအရ သိရပါတယ်။ အောက်တိုဘာ၂၁ရက်နေ့မှာတော့ NDTV သတင်းကနေ “Team #BTS – Jin, Suga, J-Hope, RM, Jimin, V and Jungkook chatted with NDTV’s @rohitkhilnani about music and more. Watch this space!”  ဆိုပြီးတော့ တွစ်တာပေါ်မှာ တင်ခဲ့တာဖြစ်ပါတယ်။

NDTV က ဒီသတင်းကိုကြေညာပြီးချင်းမှာပဲ hashtag #BTSonNDTV ဟာ မိနစ်ပိုင်းအတွင်း အိန္ဒိယရဲ့ တွစ်တာ trend မှာ ဒုတိယနေရာထိခုန်တက်သွားခဲ့ပါတယ်။ ဒီသတင်းနဲ့ပတ်သက်လို့ BTS ရဲ့ ARMY အများစုက လာမယ့်အောက်တိုဘာ၃၀မှာ တီဗီကနေ အင်တာဗျူးအပြည့်အစုံ လွှင့်မှာကို မျှော်နေကြပေမယ့် အချို့ကလည်း ပြင်းပြင်းထန်ထန်တုံ့ပြန်ခဲ့ပါတယ်။

တစ်ဦးကတော့ “ငါ အိပ်မက်မက်နေတာများလား.. BTS က NDTV မှာပြမယ်။” လို့ရေးသားခဲ့သလို တစ်ဦးကလည်း “သူတို့သီချင်းတွေ၊ အနုပညာရှင်တွေအနေနဲ့ သူတို့ရဲ့နောက်ကြောင်းကိုသေချာလေ့လာထားနော်။ အနောက်တိုင်းတေးဂီတကိုထိုးဖောက်နိုင်ခဲ့တဲ့ သူတို့ရဲ့အောင်မြင်မှုတွေအကြောင်း  အထက်တန်းကျကျ အင်တာဗျူးမေးပေးပါ။ အသစ်အသစ်တွေမျှော်နေမယ်။” ဆိုပြီး ပြောထားသလို တစ်ဦးကတော့ “ကြောင်တောင်တောင်မေးခွန်းတွေ မမေးတာကောင်းမယ်။ မဟုတ်ရင်တော့ ARMY တွေရဲ့အမျက်ဒေါသကို ခံစားရမယ်။” ဆိုပြီး မန့်မှာခြိမ်းခြောက်ထားတာကိုလည်း တွေ့ရပါသေးတယ်။

CeleNow