BTOB ရဲ့ အဖွဲ့ဝင် Hyunsik ဟာ ဇူလိုင်(၂၃)ရက်နေ့က Naver’s V Live မှာ live broad cast လွှင့်ခဲ့ပါတယ်။ရေချိုးနေရင်းနဲ့ Live လွှင့်ခဲ့တာပါ။သူ့ရဲ့ fans တွေအတွက် new single ဖြစ်တဲ့ “Swimming” ဆိုတဲ့သီချင်းနဲ့ပတ်သက်ပြီး ရေချိုးရင်းအင်တာဗျူးခဲ့တာပါ။

ဒီသီချင်းဟာ BTOB’s “Piece of BTOB” series ရဲ့ လေးခုမြောက်ပါ။အဖွဲ့ဝင်တွေ တိုင်းဟာ တစ်လစီမှာ အလှည့်ကျ သီချင်းတစ်ပုဒ်စီ ထွက်လေ့ရှိပါတယ်။LIVE ထုတ်လွှင့်မှု အပြီးမှာတော့ ရေချိုးရင်း LIVE လွှင့်ဖို့ စိတ်ကူးဟာ သူ့ရဲ့ စိတ်ကူးလို့ ပြောခဲ့ပါတယ်။ရေချိုးရင်း LIVE လွှင့်တာ ဆိုပေမယ့် သူ့ဟာ ရေကူးဘောင်းဘီတော့ ၀တ်ထားတယ်လို့  ပြောခဲ့ပါတယ်။သူ့ရဲ့ Fans တွေက ဒီ live နဲ့ပတ်သက်ပြီး comments တွေပေးလိမ့်မယ်ဆိုတာကိုတော့ ကြိုမျှော်လင့်ထားပြီး ဖြစ်ြေ ကာင်း ဒါပေမယ့် သူပြောမယ့်စကားတွေကိုပဲ အာရုံစိုက်ပေးစေလိုတယ်လို့ ပြောခဲ့ပါတယ်။

 “မြင်နေတာကို အာရုံမစိုက်ပဲ ကျွန်တော်ပြောတဲ့ စကားလေးတွေကိုပဲ အာရုံစိုက် ပေးကြပါလို့ ” Hyunsik ကပြောခဲ့ပါတယ်။အင်တာဗျူးမှာလည်း သူ့ရဲ့တစ်ကိုယ်တော်သီချင်းနဲ့ပတ်သက်ပြီး အားပေးကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်လို့ ပြောခဲ့ပါတယ်။

Ref;koreaboo

Celenow Team မှ စီစဉ်တင်ဆက်သော www.celenow. com တွင်ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်း ပါး များ၊ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆိုပြန်လည်ကူးယူ ဖော်ပြ ခင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။