Blackpink ကတော့ အမြဲ အလုပ်တွေနဲ့ မအားလပ်တာများပါတယ်။ ဒီနှစ်ကလည်း သူတို့ရဲ့ album အတွက်လည်း အလုပ်တွေ များနေခဲ့ကြရတာပါ။ ကြိုးစားမှုတွေကလည်း တကယ့်ကို အကောင်းဆုံး ဖန်တီးထားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒီလိုမျိုး သူတို့ရဲ့ မအားမလပ်တဲ့ အချိန်စာရင်းတွေကြားမှာ အားလပ်ချိန် အနားယူချိန်ဆိုတာ တကယ့် ရှာမှ ရှားပါပဲ။ တစ်ဦးချင်းမှာ တစ်ဦးချင်းစီရဲ့ အလုပ်အချိန်ဇယားတွေ ရှိနေပြီး မအားလပ်ကြပေမယ့်လည်း သူတို့ကတော့ ဘယ်လို အနားယူလေ့ ရှိလဲဆိုတာကို ပရိသတ်တွေကို ပြောပြခဲ့ပါတယ်လို့ koreaboo ကနေ ဖော်ပြထားခဲ့ပါတယ်။

Lisa

သူမရဲ့ ပရိသတ်တော်တော်များများကတော့ သူမ ဘယ်လိုအနားယူမယ်ဆိုတာ သိပြီးသား ဖြစ်ပါတယ်။ သူမက ကြောင်ချစ်သူ တစ်ဥိး ဖြစ်ပြီး ကြောင်လေးတွေနဲ့ ကစားလေ့ ရှိပါတယ်။ ကြောင်လေးကောင် ရှိပြီး အချိန်အများကြီး မပေးနိုင်ပေမယ့် သူတို့နဲ့ ကစားတဲ့အချိန်က သူမရဲ့ အနားယူချိန်ပဲလို့ ပြောပြခဲ့ပါတယ်။

 

 

View this post on Instagram

 

Mingming & Jen

A post shared by LISA (@lalalalisa_m) on

Rose

သူမကတော့ အချိန်စာရင်းတွေက ပြည့်ကြပ်နေရင်တောင်မှ အိပ်ဖို့ အချိန် လိုက်ရှာတတ်သူ ဖြစ်ပါတယ်။ ရရင် ရသလို အိပ်ပြီး အနားယူပါတယ်လို့ သူမရဲ့ အနားယူနည်းကို ပြောပြခဲ့ပါတယ်။

 

 

View this post on Instagram

 

🌊 @perfectworldmobile.kr 🌊

A post shared by ROSÉ (@roses_are_rosie) on

Jennie

Jennie ကတော့ အထူးခြားဆုံးလို့တောင် ပြောလို့ ရပါတယ်။ သူမက ပင်ပန်းနေရင်တောင်မှ Gym ဆော့လေ့ ရှိပါတယ်။ ဒီလို Gym ကစားတာက သူမ ကိုယ့်ကိုယ်ကို ပြန်လည် လန်းဆန်းသွားအောင် လုပ်တဲ့နည်းပဲ ဖြစ်ပါတယ်။

 

 

View this post on Instagram

 

Back at it 😉 with @jessie_yeovely

A post shared by J (@jennierubyjane) on

Jisoo

အစားသမားလေး Jisoo ကတော့ သူမရဲ့ အနားယူနည်းက မလွှဲမသွေ အစားပါပဲ။ သူမ အကြိုက်ဆုံးက နို့ ဖြစ်ပြီး ဘာမှ မစား မစားရရင်တောင် နို့သောက်လိုက်ရရင် စိတ်ချမ်းသာတဲ့သူ ဖြစ်ပါတယ်။

 

 

View this post on Instagram

 

모두들 저녁 드셨나요?☺️❣️

A post shared by JISOO🤍 (@sooyaaa__) on

Kham