BIGBANG အဖွဲ့ဝင်  Daesung  လည်း ကိုရီးယားနိုင်ငံသားတိုင်းမလွဲမသွေထမ်းဆောင်ရမယ့် စစ်မှုထမ်းတာဝန်ကို ထမ်းဆောင်ရတော့မယ့် အချိန်ကျရောက်လာပါပြီ။Daesung တစ်ယောက် စစ်မှုထမ်းရမယ့် ရက် အတိအကျ ထွက် လာပါပြီ။မတ်လ(၅)ရက်နေ့တုန်းက ကြေညာလိုက်တာပါ။ Daesung တစ်ယောက် မတ်(၁၃) ကျရင် စစ်မှုထမ်း သွားရတော့မှာပါ။

BIGBANG အဖွဲ့ဝင် ဖြစ်တဲ့ ပူပူနွေးနွေးအိမ်ထောင်သည် Taeyang ကတော့ မတ်(၁၂)ရက်နေ့ကစပြီး Active-duty soldier  အဖြစ် စစ်မှုထမ်းတာဝန်တွေကို ထမ်းဆောင်မှာပါ။Taeyang ထမ်းဆောင်ပြီး နောက်တစ်ရက် အကြာ မတ်(၁၃)မှာတော့ Daesung လည်းစစ်မှုထမ်းတာဝန်ထမ်းဆောင်မှာပါ။Daesung  ဟာ တခြားအဖွဲ့ဝင် တွေ နဲ့ အတူတူ တစ်ချိန်တည်းမှာ စစ်မှုထမ်းတာဝန်ထမ်းဆောင်ချင်တယ်လို့ ပြောခဲ့ဖူးပါတယ်။သူ့ရဲ့ စစ်မှုထမ်းတာဝန် စာရင်းပေးသွင်းတာကိုတော့ မနှစ်က လုပ်ခဲ့ပါသေးတယ်။(၂၀၁၇) အတွက်ကတော့ Daesung ရဲ့ အရမ်း အလုပ်များတဲ့ နှစ်တစ်နှစ်ဖြစ်ခဲ့ပါတယ်။သူ့ရဲ့ တစ်ကိုယ်တော် Solo အယ်ဘမ်လည်း ထွက်ခဲ့သလို ဂျပန်မှာ ရှိတဲ့ မြို့ (၁၈)မြို့မှာ Tour လုပ်ခဲ့ပါတယ်။ဒ့ါအပြင် တခြားBIGBANG အဖွဲ့ဝင်တွေနဲ့လည်း ဖျော်ဖြေပွဲလေးတွေ လုပ်ခဲ့ပါတယ်။

G-Dragon ကတော့ ဖေဖော်ဝါရီ (၂၇)ရက်နေ့တုန်းက စစ်မှုထမ်းတာဝန်ထမ်းဆောင်ခဲ့ပါတယ်။G-Dragon၊ Taeyang ၊ Daesung BIGBANG  အဖွဲ့ဝင် သုံးယောက် ဟာ တစ်လအတွင်း ဆက်တိုက်ဆိုသလို စစ်မှုထမ်း တာဝန် ထမ်းဆောင်မှာပါ။အဖွဲ့ဝင် T.O.P ကတော့ လက်တလောမှာ လူမှုဝန်ထမ်းအဖြစ် တာဝန်တွေ ထမ်း ဆောင် နေပါတယ်။အသက်အငယ်ဆုံးအဖွဲ့ဝင် Seungri  ကတော့ သူ့ရဲ့ solo album  သစ်အတွက် ကြိုးစား နေပါတ ယ်။(၂၀၁၈) နှစ်ဝက်လောက်မှာ ထွက်မယ်လို့ မျှော်လင့်ရပါတယ်။

“Seungri ကလည်း တခြားအဖွဲ့ဝင်တွေနဲ့ အတူတူ စစ်မှုထမ်းတာဝန် ထမ်းဆောင်ချင်ခဲ့ကြောင်း၊ဒါပေမ ယ့် တရုတ်ဇာတ်ကား  ‘Love Only’ က မတ်(၂)ရက်မှာ ထွက်ဖို့ စီစဉ်ထားကြောင်း၊ အဲ့ဒီအတွက်ရော သူ့ရဲ့ solo album အတွက်ပါ ပြင်ဆင်နေရကြောင်း၊သူ့ရဲ့ အနုပညာ လှုပ်ရှားမှု တွေပြီးရင်တော့ စစ်မှုထမ်းတာဝန်ထမ်းဆောင်ဖို့ အစီအစဉ်ရှိတယ်လို့ YG Entertainment  ဘက်က လာတဲ့ သတင်းတစ်ခုမှာ ဖော်ပြထားပါတယ်။

source soompi.