မင်းသားလီဗြောင်ဟွန်းနဲ့ Big Bang အဖွဲ့ဝင် T.O.P တို့ အတူညစာသုံးဆောင်ခဲ့တဲ့ ပုံတွေမေ လ(၈) ရက်နေ့က ထွက်ပေါ်လာခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ ဆိုးလ်မြို့ Cheongdam မှာရှိတဲ့  Pyeongyang  ခေါက်ဆွဲ ဆိုင် မှာ အတူ စားသောက်ခဲ့ပါတယ်။ ပုံကိုတော့ သူတို့နဲ့ရင်းနှီးတဲ့ သူငယ်ချင်းတစ်ယောက်က ဆိုရှယ်မီဒီယာပေါ်မှာ တင်ခဲ့တာပါ။

ပုံထဲမှာတော့ T.O.P က ကင်မရာကို အေးဆေးလေးကြည့်နေခဲ့သလို လီဗြောင်ဟွန်း ကလည်း ကင်မရာကို ပြုံးပြီး ကြည့်နေခဲ့ပါတယ်။နှစ်ယောက်လုံးက “Iris” (၂၀၀၉) ဇာတ်ကားမှာ တုန်းက အတူ သရုပ်ဆောင်ခဲ့ပါတယ်။ လက်ရှိမှာတော့ T.O.P က လူမှုဝန်ထမ်းအဖြစ် စစ်မှုထမ်းတာဝန် ထမ်းဆောင်နေပါတယ်။

Source soompi