တောင်ကိုရီးယားမင်းသားချော Bae Yong Joon နဲ့ မင်းသမီး Park Soo Jin တို့ကတော့ ဒုတိယမြောက် ရင်သွေးလေး ပိုင်ဆိုင်သွားပါပြီ။ ရင်သွေးလေး ထပ်မံပိုင်ဆိုင်တဲ့ အကြောင်းကိုတော့ ဧပြီ (၁၀)ရက်နေ့က TV Report မှာ ဖော်ပြ ခဲ့တာပါ။ ဒုတိယမြောက်ရင်သွေးလေးကို ဆိုးလ်က ဆေးရုံတစ်ရုံမှာ မွေးဖွားခဲ့တယ်လို့ ဖော်ပြခဲ့တာပါ။ ဒုတိယရင်သွေးလေးကတော့ သမီးလေးပါ။

ခင်ပွန်းဖြစ်သူ Bae Yong Joon ကတော့ ဇနီးဖြစ်သူရဲ့ အနားမှာရှိနေကြောင်းနဲ့ သားဖြစ်သူကလည်း ညီမလေးကို ကြည့်ဖို့ ဆေးရုံရောက်နေတယ်လို့ သိရပါတယ်။ KeyEast က သတင်းအရတော့ “Park Soo Jin  တစ်ယောက် ဒီနေ့ပဲ သမီးလေးမွေးလိုက်ပါပြီ။ ကလေးရော အမေရော ကျန်းမာကြပါတယ်..” လို့ ဖော်ပြခဲ့ပါတယ်။ သူတို့ စုံတွဲကတော့ (၂၀၁၅) ဇူလိုင်မှာ လက်ထပ်ခဲ့တာပါ။ ပထမဆုံးရင်သွေး၊သားဦးလေးကိုတော့ (၂၀၁၆) အောက်တိုဘာ (၂၃)မှာ မွေး ဖွားခဲ့တာပါ။ အခုဒုတိယမြောက်ရင်သွေး၊သမီးလေးကိုတော့ (၂၀၁၈) ဧပြီ (၁၀)ရက်နေ့မှာ မွေးဖွားခဲ့တာပါ။

Source soompi