Aespa အဖွဲ့ကတော့ SM Entertainment က မိန်းကလေး Kpop အဖွဲ့တစ်ခု ဖြစ်ပါတယ်။ မကြာသေးခင်ကပဲ ပွဲဦးထွက်ခဲ့ပြီး သူတို့ရဲ့ အကြောင်းကို ပရိသတ်တွေက စိတ်ဝင်စားမှုတွေ မြင့်တက်နေခဲ့ပါတယ်။

Aespa အဖွဲ့ဝင်တွေနဲ့ ပတ်သတ်ပြီး ပရိသတ်တွေဆီက သဘောကျမှုတွေ ရှိနေသလို ဝေဖန်မှုတွေလည်း များစွာ ရှိနေပါတယ်။ ဒီလို ဝေဖန်မှုတွေထဲမှာ အဖွဲ့ဝင်တစ်ဦး ဖြစ်တဲ့ Winter နဲ့ ပတ်သတ်တာတွေလည်း ပါဝင်နေပါတယ်။ နိုဝင်ဘာလ ၂၄ ရက်နေ့တုန်းက tik tok သုံးစွဲသူ တစ်ခုက Winter ရဲ့ ငယ်ဘဝ ပုံရိပ်တစ်ခုကို မျှဝေခဲ့ရာကနေ ပရိသတ်တွေကြားမှာ ပြန့်နှံ့သွားခဲ့ပါတယ်။

 

 

View this post on Instagram

 

A post shared by AESPA WINTER (@aespawinters)

 

ဒီလိုမျိုး ပရိသတ်တွေဆီကို ပြန်နှံ့ခဲ့တဲ့ ပုံရိပ်ကတော့ အထက်တန်းနှစ်စ ကာလမှာ ရိုက်ကူးထားခဲ့တဲ့ ပုံပဲ ဖြစ်ပါတယ်။ ရထားစီးနေစဉ် ရိုက်ကူးထားတဲ့ ပုံဖြစ်ပြီး ရထားမှာ ကိုယ်ဝန်ဆောင်သည်အတွက် ထားထားတဲ့ ထိုင်ခုံမှာ Winter က ထိုင်နေခဲ့တာ ဖြစ်ပါတယ်။ ဓာတ်ပုံထဲမှာ ကျောင်းဝတ်စုံကို ဝတ်ထားခဲ့ပြီး ကင်မရာကို ကြည့်ပြီး ပြုံးနေခဲ့တာ ဖြစ်ပါတယ်။

 

ဒီပုံရိပ်က တက်သစ်စ အဖွဲ့တစ်ခုအတွက်တော့ ပရိသတ်ဘက်ကနေ အတော်လေး ပြောစရာလိုမျိုး ဖြစ်ခဲ့ပါတယ်။ ဦးစားပေးခုံမှာ ထိုင်နေတဲ့အပြင် ပြုံးနေတာမျိုးက ပရိသတ်တွေဘက်က ဝေဖန်မှုတွေကို မြင့်တက်စေခဲ့တဲ့ အချက် ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တစ်ချို့သော ပရိသတ်တွေက ရထားပေါ်မှာ ကိုယ်ဝန်ဆောင်သည် တစ်ယောက်မှ မရှိလို့ သူက ဒီအတိုင်း ထိုင်မိခဲ့တာ နေမှာပါလို့လည်း ထင်မြင်ချက်တွေ ပေးခဲ့ကြပါတယ်။

 

 

View this post on Instagram

 

A post shared by AESPA WINTER (@aespawinters)

ဒီသတင်းနဲ့ ပတ်သတ်လို့ SM Entertainment ကနေ ဘာတစ်ခုမှ ထုတ်ပြန်ခြင်း မရှိသေးပါဘူးလို့ kstarlive ကနေ ရေးသားထားခဲ့ပါတယ်။

Kham