မြန်မာပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ မင်းသမီး Choi Ji Woo  ကတော့ သူမချစ်ရတဲ့ သူနဲ့ ရွှေလက်တွဲ လိုက်ပါ တယ်။ ရုတ်တရက်ကြီး ထွက်ပေါ်လာတဲ့ သူမရဲ့ လက်ထပ်ပွဲသတင်းကြောင့် ပရိသတ်တွေ အားလုံးလည်း အံ့သြသင့်ခဲ့ ကြပါတယ်။ သူမရဲ့ အသက်ကတော့ (၄၂)နှစ်ပါ။ မင်္ဂလာသတင်းကိုတော့ Choi Ji Woo  ရဲ့ အေဂျင်စီ YG Enterta inment ကနေ မတ်(၂၉)ရက်နေ့က တရားဝင်ကြေညာခဲ့တာပါ။သူမကတော့ Winter Sonata (2002), Stairway to Heaven (2003), The Suspicious Housekeeper (2013) ၊ Temptation (2014) ၊ Twenty Again (2015) ၊Woman with a Suitcase (2016) အစရှိတဲ့ဇာတ်ကားတွေနဲ့ အရမ်းကို နာမည်ကြီးခဲ့သူပါ။

လက်ထပ်ပွဲကိုတော့ မတ်(၂၉)ရက်နေ့ နေ့လည်ပိုင်းလောက်မှာ ကျင်းပခဲ့ကြောင်း၊ သူမရဲ့ ခင်ပွန်းကတော့ ဆယ်လီ မဟုတ်ပဲ အပြင်ကဖြစ်ကြောင်းနဲ့ တွဲလာတာတော့ တစ်နှစ်လောက်ရှိပြီလို့ ဆိုပါတယ်။ Choi Ji Woo ကတော့ မင်္ဂလာ သတင်းနဲ့ ပတ်သက်ပြီး သူမရဲ့ fan တွေကို စာတစ်စောင်ရေးပြီး အသိပေးခဲ့ပါတယ်။ ” ဒီစာ ကို ပထမဆုံးအကြိမ် ရေးရတာ ရှက်လည်း ရှက် စိတ်လည်းအရမ်းလှုပ်ရှားရပါတယ်..ရုတ်တရက်ကြီးတော့ဖြစ်ပေမယ့် သတင်းထူးရှိပါတယ်။မတ် (၂၉) မှာ ကျမ အတူလက်တွဲပြီး ဘ၀သစ်ကို စတင်ချင်သူတစ်ယောက်နဲ့ လက်ထပ်လိုက်ပါပြီ..မင်္ဂလာပွဲကိုတော့အကျဉ်းချုံး private wedding ပဲ လုပ်ခဲ့ပါတယ်။မိသားစုတွေ၊ရင်းနှီးတဲ့ ဆွေမျိုးတွေ တက်ရောက်ခဲ့ပါတယ်..ကျမချစ်တဲ့ သူနဲ့ ပျော်ရွှင်စွာ မိသားစု ဘ၀ လေး တည်ဆောက်သွားမှာပါ..အားလုံကို ကျမတို့နှစ်ယောက်က အမြဲလေးစားချစ်ခင်သွားမှာပါ..” လို့ စာမှာ ရေးထားပါတယ်။

“ကျမအနေနဲ့ ပရိသတ်တွေကို စောစောအသိပေးသင့်ပေမယ့် ကျရဲ့ ခင်ပွန်းဖြစ်သူဘက်ကို ငဲ့တာကြောင့် အသိမပေးဖြစ်ခဲ့ တာပါ..နားလည်ပေးမယ်လို့ မျှော်လင့်ပါတယ်..ကျမတို့ကို ကောင်းချီးပေးကြပါ..ပရိသတ်တွေရဲ့ အချစ်နဲ့ အားပေး မှုတွေကို အမြဲအမှတ်ရနေမှာပါ..မင်းသမီးတစ်ယောက်အဖြစ်လည်း အနုပညာအလုပ်တွေ လုပ်သွားမှာပါ..ကျန်းကျန်းမာမာနေ ပေးပါ..ကျေးဇူးတင်ပါတယ်..အားလုံးကိုချစ်ပါတယ်” လို့ လည်း ပြောထားပါတယ်။

Source soompi