၂၀၂၁ မှာတော့ ကိုရီးယား ဆယ်လီ တွေ က ပရိသတ်တွေကို အမှန် အတိုင်း ၀န်ခံခဲ့တဲ့ စိတ် မကောင်းစရာ ကိစ္စ တွေ ရှိပါတယ်။ဒီနှစ်ထဲမှာ သူတို့ရဲ့ ဇာတ်ကောင် နဲ့ ပတ်သက်ပြီး သူတို့ ခံစားချက်တွေကို ၀န်ခံခဲ့ကြတဲ့ သူတွေ အကြောင်းကို တော့ Koreaboo မှာ အခုလို ဖော်ပြထားပါတယ်။
Choi Ye Bin
View this post on Instagram
Penthouse ဇာတ်ကားထဲမှာ ပါဝင်ခဲ့သူပါ။ Choi Ye Bin က တော့ မိသားစု အိမ်တွင်းရေး အဆင် မပြေမှု တွေ ကြောင့် စိတ်ဒဏ်ရာရ နေတဲ့ကလေး၊တခြားလူတွေ အပေါ် လိုက် အနိုင်ကျင့်နေတဲ့ ကလေး နေရာ က နေ ပါဝင် ခဲ့တာပါ။ Choi Ye Bin ကတော့ သူများကို အနိုင်ကျင့်တဲ့ ဇာတ်ဝင်ခန်း မျိုး သရုပ်ဆောင်ရတာ မလွယ် ဘူး လို့ ပြောခဲ့ပါတယ်။”တခြားသူကို အနိုင်ကျင့်တဲ့ ဇာတ်ဝင်ခန်းမျိုး ရိုက်ပြီး တော့ အရမ်း အားနာ မိတယ်၊လူ တစ်ယောက်က တခြား တစ်ယောက်ကို အခုလို လုပ်တာ အဆင် ပြေရဲ့ လားဆိုပြီး မသေချာ လို့ ရိုက်ကူးတော့ အမှားတွေ ခဏခဏ လုပ် မိ တယ်..”။ဒီဇာတ်ကားကိုရိုက် တော့ နောက် ကျော တွေ တောင် နာ တော့ မကြာခဏ အကြော လျှော့ ခဲ့ ရတယ်လို့ လည်း ပြောခဲ့ပါတယ်။
View this post on Instagram
Yeo Jin Goo
View this post on Instagram
GQ Korea နဲ့ အင်တာဗျူး မှာတော့ Yeo Jin Goo က The Crowned Clown နဲ့ Hotel Del Luna ဇာတ်ကားတွေ က သူ့ကို ပိုကောင်းတဲ့ သရုပ်ဆောင် တစ်ယောက် ဖြစ်လာအောင် ကူညီ ပေးနေတယ်လို့ လည်း ပြောခဲ့ပါတယ်။ The Crowned Clown က တော့ ဇာတ်ကောင် နှစ်မျိုးကို တစ်ခါ တည်း သရုပ် ဆောင်ရတာ မို့ သူ့ အတွက် စိန် ခေါ် မှုကြီး ဖြစ် စေ ကြောင်း၊ Hotel Del Luna က တော့ သူ့ကိုယ်သူ ပြန် ချီးကျူး မိသလို ခံစားရတဲ့ ဇာတ်ကား ခဲ့ကာ ဒီ့မတိုင်က သူ့ရဲ့ သရုပ်ဆောင် စွမ်း ရည် အပေါ် ကိုယ်တိုင် သဘော မကျ ခဲ့ဘူး လို့ ပြောခဲ့ပါတယ်။ပရိသတ် ဆီ က နေ အချစ်တွေ မေတ္တာ တွေ အများကြီး လိုချင် တယ်လို့ လည်း ပြောခဲ့ပါတယ်။ဒီဇာတ်ကား နှစ်ကား ရိုက်ကူး ချိန်မှာလည်း စီနီယာ တွေ နဲ့ ဒါရိုက်တာ တွေ ဆီက နေ အကူအညီ တွေ အများကြီး ရခဲ့ တယ်လို့ လည်း ပြောခဲ့ပါတယ်။
View this post on Instagram
Song Joong Ki
View this post on Instagram
Space Sweepers ဆိုတဲ့ ရုပ်ရှင်ကားမှာ ပါဝင် ခဲ့တာပါ။ဆောင်ဂျွန်ကီ က တော့ Kim Tae Ho ဆိုတဲ့ ဇာတ်ကောင် နေရာ က နေ ပါဝင် ခဲ့တာပါ။သတင်းစာရှင်းလင်းပွဲ တစ်ခု မှာတော့ သူ့ဇာတ်ကောင် နဲ့ ပတ်သက်ပြီး Kim Tae Ho က သူ့ဘ၀ကို လက်မြှောက် အရှုံး ပေးထားသူ တစ်ယောက်လို့ ထင် ကြောင်း၊သူ့ဘ၀ ကလည်း Kim Tae Ho နဲ့ တူ တယ်လို့ ပြော ခဲ့ပါတယ်။” Kim Tae Ho က သူ့ ဘ၀ သူ စွန့်လွှတ်ထားသူလို့ ထင် တယ်။သူ့ဘ၀ မှာ အတွေးပျောက်၊စိတ်ခွန် အား ပျောက် နေတယ် ထင်တယ်၊ Kim Tae Ho ရဲ့ ခံစားချက် မျိုး ခံစားရတယ်၊သူ့ခံစားချက်နဲ့ ကျွန် တော့် ခံစား ချက် နဲ့ တူ တယ်..” လို့ ပြောခဲ့ပါတယ်။ Kim Tae Ho ရဲ့ ဘ၀ မှာ အတက်အကျ တွေ အများကြီးနဲ့ ရင်ဆိုင် ခဲ့ရပြီးနောက် နောက်ဆုံး မှာ သူ့ဘ၀ ကို ကူညီ ပေးမယ့် လူနဲ့ ဆုံ တွေ့ ခဲ့ကာ ခွန်အားရ၊စိတ်အားတက်ကြွ ခဲ့ တယ်လို့ လည်း ဆောင်ဂျွန်ကီ က ပြောခဲ့ပါတယ်။
View this post on Instagram
#celenow