တောင်ကိုရီးယားရဲ့ နာမည်ကျော် သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင် Song Jae Ho ကတော့ နိုဝင်ဘာလ ၇ ရက်နေ့က ကွယ်လွန်သွားခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာတော့ သူက အသက် ၈၃ နှစ် ရှိနေပါပြီ။
တောင်ကိုရီးယားရဲ့ ရုပ်သံသရုပ်ဆောင်များ သမဂ္ဂကနေ ဒီသတင်းကို ထုတ်ပြန်ခဲ့တာပဲ ဖြစ်ပါတယ်။ တစ်နှစ်ကျော်တဲ့အထိ နာမကျန်းဖြစ်နေခဲ့ပြီးတဲ့နောက်မှာ သရုပ်ဆောင် Song Jae Ho က ကွယ်လွန်သွားပြီလို့ သူတို့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
View this post on Instagram
သရုပ်ဆောင် Song Jae Ho ကတော့ ၁၉၃၇ ခုနှစ် မတ်လ ၁၀ ရက်နေ့မှာ မွေးဖွားခဲ့သူ ဖြစ်ပါတယ်။ ၁၉၅၉ ခုနှစ်မှာ စတင်ပြီး အသံသရုပ်ဆောင်အဖြစ် အနုပညာလောကထဲ ပွဲဦးထွက်ခဲ့ပါတယ်။ ၁၉၆၄ ခုနှစ်ကနေ စပြီး ရုပ်ရှင်တွေထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။
View this post on Instagram
တောင်ကိုးရီးယားရဲ့ ရုပ်သံဇာတ်လမ်းတွဲ တော်တော်များများရဲ့ အဓိကသရုပ်ဆောင်တွေရဲ့ ဖခင်ဖြစ်သူနေရာကနေ အများကြီး သရုပ်ဆောင်ထားခဲ့သူလည်း ဖြစ်ပါတယ်။
ရုပ်ရှင်တွေအတွက် နိုင်ငံတကာ ဒိုင်လူကြီးအနေနဲ့လည်း လိုင်စင် ရှိထားသလို ၁၉၈၆ ခုနှစ် Asia Games နဲ့ 1988 ခုနှစ် အိုလံပစ်ပြိုင်ပွဲတွေမှာ ဒိုင်အဖြစ် လုပ်ခဲ့ဖူးပါတယ်။
View this post on Instagram
သရုပ်ဆောင်လောကမှာ အကြာကြီး ရပ်တည်ခဲ့တဲ့ သရုပ်ဆောင်တစ်ယောက် ကောင်းမွန်စွာ အနားယူနိုင်ပါစေတော့လို့ ဆန္ဒပြုလိုက်ပါတယ်။
Kham