ဆယ်ကျော်သက် သရုပ်ဆောင် တစ်ဦး ဖြစ်တဲ့ Nam Da Reum ကတော့ မကြာသေးခင်ကပဲ တက္ကသိုလ်ဝင်ခွင့် ရရှိခဲ့ပါတယ်။ ၂၀၀၂ ခုနှစ် ဇွန်လ ၁၃ ရက်နေ့မှာ မွေးခဲ့တဲ့သူမို့ အခုဆို ၁၈ နှစ် ပြည့်ပြီးသွားပါပြီ။
နိုဝင်ဘာ ၂၄ ရက်နေ့တုန်းက သူ့ရဲ့ အမေဖြစ်သူက သရုပ်ဆောင် Nam Da Reum ကနေ ပရိသတ်တွေအတွက် သတင်းစကား ရေးသားထားခဲ့ပါတယ်။ သားဖြစ်သူရဲ့ တက္ကသိုလ်ဝင်ခွင့်အတွက် ဂုဏ်ပြုပေးခဲ့တဲ့သူအားလုံးကို ကျေးဇူးတင်ကြောင်း၊ တက္ကသိုလ်ဝင်ခွင့် ပြင်ဆင်နေတုန်းကလည်း ဘယ်တက္ကသိုလ်ကို လျှောက်မလဲ စတဲ့ message တွေလည်း ရခဲ့ပါတယ်ဆိုတဲ့ အကြောင်းကို သူ့သား IG ကနေ တင်ထားခဲ့ပါတယ်။
View this post on Instagram
ပရိသတ်တွေကို ကျေးဇူးတင်တဲ့ အကြောင်းအပြင် သူ့ရဲ့ မိခင်ဖြစ်သူ တက္ကသိုလ် ဝင်ခွင့် ရရှိကြောင်း မှတ်တမ်းဓာတ်ပုံနဲ့အတူ ချန်အန်းတက္ကသိုလ်ကို ဝင်ခွင့် ရခဲ့ကြောင်းပါ ကြေညာခဲ့ပါတယ်။ ဒီအတွက် အမေဖြစ်သူကတော့ သူ့သားလေး Da Reum က သေချာစဉ်းစားခဲ့ပြီး ချန်အန်းတက္ကသိုလ်က Performing Art and Creation ဌာန တစ်ခုတည်းကို လျှောက်ခဲ့တာလို့လည်း ပြောခဲ့ပါတယ်လို့ allkpop ကနေ ရေးသားထားခဲ့ပါတယ်။
View this post on Instagram
Nam Da Reum ကတော့ သူ့ရဲ့ အနုပညာလောကထဲကို ကလေးသရုပ်ဆောင်အဖြစ်နဲ့ Boys Over Flowers ဆိုတဲ့ ဇာတ်လမ်းတွဲ ပါဝင်ပြီး ပွဲဦးထွက်ခဲ့တာ ဖြစ်ပါတယ်။ သူ့အသက်ကတော့ ပွဲဦးထွက်ချိန်မှာ ၇ နှစ်ပဲ ရှိပါသေးတယ်။ နာမည်ကြီး ရုပ်ရှင်ဇာတ်လမ်းတွဲတွေ ဖြစ်တဲ့ Goblin နဲ့ Hotel Del Luna တို့မှာလည်း Special appearances အဖြစ် ပါဝင်ထားခဲ့ပါသေးတယ်။
View this post on Instagram
လက်ရှိအချိန်မှာတော့ tvN ရဲ့ Start-Up ဇာတ်လမ်းတွဲမှာ သရုပ်ဆောင် Kim Sun Ho ရဲ့ ငယ်ဘဝ Han Ji Pyeong အဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး ပရိသတ်တွေရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။
View this post on Instagram
Kham