Don Lee လို့ လူသိများတဲ့ မင်းသား Ma Dong Seok ဟာ Marvel Studios ကုမ္ပဏီရဲ့ကမ်းလှမ်းမှုကို ခံခဲ့ရဖူးတယ်လို့ သိရပါတယ်။ Ma Dong Seok ဟာ Train To Busan ဇာတ်ကားနဲ့ အရမ်းကိုနာမည်ကြီးခဲ့တဲ့ မင်းသားတစ်ယောက်ပါ။ အဲဒီကားထဲမှာတော့ မင်းသား Gong Yoo က ဇာတ်လိုက်နေရာကပါဝင်ပြီး သူကတော့ ဇာတ်ပို့မင်းသားနေရာက ပါဝင်ခဲ့တာပါ။

နိုဝင်ဘာ(၂၁)ရက်တုန်းက Star New နဲ့ လုပ်ခဲ့တဲ့ အင်တာဗျူးမှာ Ma Dong Seok က Marvel Studios က ကမ်းလှမ်းတာကို ခံခဲ့ရဖူးတဲ့အကြောင်း ပြောပြခဲ့တာပါ။ ‘Train to Busan’ ဇာတ်ကားနဲ့ Hollywood က သူ့ကို သတိထားမိသွားခဲ့တာပါ။ ‘Train to Busan’ ဟာ ကိန်းစ်ရုပ်ရှင်ပွဲတော်မှာပြသခွင့်ရခဲ့ပြီး ဒီကားမှာပါဝင်ခဲ့တဲ့ သရုပ်ဆောင်တွေကိုလည်း ပွဲတက်ရောက်ဖို့ ဖိတ်ကြားခံခဲ့ရတာပါ။

Ma Dong Seok ဟာ Body မိုက်တဲ့ မင်းသားတစ်ယောက်ပါ။ ဒါကြောင့်လည်း ဟောလိဝုဒ်က ပရိုဂျူဆာတွေက ဖိုက်တင်ခန်းတွေအတွက် သူ့ကို မျက်စိကျခဲ့တာပါ။ ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ အဲ့ဒီတုန်းက Ma Dong Seok ဟာ တခြားကုမ္ပဏီတွေနဲ့ လက်မှတ်ထိုးပြီးသားဖြစ်နေခဲ့တာကြောင့် Marvel Studios ရဲ့ ကမ်းလှမ်းမှုကို လက်ခံလို့မရခဲ့ဘူးလို့ သိရပါတယ်။

အတွင်းသတင်းအရဆိုရင်တော့ “Ma Dong Seok ဟာ Marvel Studios ရဲ့ ကမ်းလှမ်းမှုကို သာမက တခြားကုမ္ပဏီတွေဆီက ဖုန်း Call တွေကိုလည်း လက်ခံရရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် အနာဂတ်မှာ သူ့ကို ဟောလိဝုဒ်ရုပ်ရှင်တွေမှာ ပါဝင်သရုပ်ဆောင်ကို တွေ့ရနိုင်ပါတယ်” လို့ kstarlive မှာဖော်ပြထားပါတယ်။

 

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။