သရုပ်ဆောင် Lee Do Hyun ကတော့ 1st Look မဂ္ဂဇင်းအတွက် ဓာတ်ပုံရိုက်ကူးရေးနဲ့ အင်တာဗျူး ပြုလုပ်ခဲ့ပါတယ်။ ဒီအင်တာဗျူးမှာတော့ သူက နောက်ဆုံး ရိုက်ကူးထားတဲ့ 18 Again ဇာတ်လမ်းတွဲ အကြောင်းကိုလည်း ဖြေကြားခဲ့ပါတယ်လို့ soompi ကနေ ဖော်ပြထားခဲ့ပါတယ်။

 

 

View this post on Instagram

 

A post shared by Lee Do Hyun 이도현 (@ldh_skylark) on

ဟုန်ဒယ်ယောင်း အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ Lee Do Hyun ကတော့ အသက် ၃၇ နှစ်အရွယ် အမျိုးသား တစ်ယောက်ပုံစံကို အထက်တန်းကျောင်းသားပုံစံနဲ့ သရုပ်ဆောင်ရတာ  ဖြစ်ပါတယ်။ ဒီလိုမျိုး ခန္ဓာကိုယ်က အသက်ငယ်နေပြီး စိတ်က အသက်ကြီးနေတဲ့ပုံစံကို သရုပ်ဆောင်ရတာမို့ သူ့အတွက် စိန်ခေါ်မှု များတဲ့ ဇာတ်လမ်းတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

 

 

View this post on Instagram

 

A post shared by 이도현 (@ldh_sky) on

၃၇ နှစ်အရွယ် ဟုန်းဒယ်ယောင်းအဖြစ်ကိုတော့ သရုပ်ဆောင် Yoon Sang Hyun က သရုပ်ဆောင်ပြီး သဘာဝလွန်အခြေအနေနဲ့ ၁၈ နှစ် ခန္ဓာကိုယ် ဖြစ်သွားတဲ့ ဟုန်းဒယ်ယောင်းအဖြစ်ကိုတော့ Lee Do Hyun က သရုပ်ဆောင်ခဲ့ရပါတယ်။ ဒီအတွက် သူက သရုပ်ဆောင် Yoon Sang Hyun ရဲ့ အကျင့်နဲ့ အပြူအမူတွေကို လေ့လာခဲ့ရတယ်လို့ အင်တာဗျူးမှာ ဖြေခဲ့ပါတယ်။

 

 

View this post on Instagram

 

A post shared by YoonSangHyun (@yoonsanghyun0921) on

သူ့ရဲ့ သရုပ်ဆောင်မှု ပီပြင်ဖို့အတွက် ၃၇ နှစ်အရွယ် ဟုန်းဒယ်ယောင်းအဖြစ် သရုပ်ဆောင်တဲ့ သရုပ်ဆောင် Yoon Sang Hyun ရဲ့ လမ်းလျှောက်ပုံ၊ ဖုန်းကိုင်ပုံ၊ လက်လှုပ်ရှားပုံနဲ့ အသေးစိတ် လှုပ်ရှားမှုတွေကအစ တထပ်တည်းတူအောင် သရုပ်ဆောင်နိုင်ဖို့ သေချာ လေ့လာခဲ့တယ်လို့ ဆိုပါတယ်။

 

 

View this post on Instagram

 

A post shared by Lee Do Hyun 이도현 (@ldh_skylark) on

သူ့ရဲ့ ကြိုးစားအားထုတ်မှုကြောင့် တကယ်လည်း ဇာတ်လမ်းတွဲမှာ သရုပ်ဆောင် နှစ်ယောက်ကို တစ်ယောက်တည်းဆိုတဲ့ ပုံစံအတိုင်းပဲ ပရိသတ်တွေက ခံစားခဲ့ရပါတယ်။ တကယ့်ကို သူ့အတွက် ကြိုးစားမှု ပီပြင်အောင်ပြုလုပ်ရတဲ့ စိန်ခေါ်မှု ကြီးတဲ့ ဇာတ်လမ်းတွဲ ဖြစ်ခဲ့တာ အသေအချာပါပဲ။

Kham