တောင်ကိုရီးယားက မင်းသားကြီး Jo Min-ki ကတော့ ကွယ်လွန်သွားပြီလို့ သိရပါတယ်။ Jo Min-ki  ကတော့ အသက် (၁၇)နှစ်အရွယ်တည်းက မင်းသားတစ်ယောက်အဖြစ် အနုပညာလောကထဲကို ၀င်ရောက်လာသူပါ။ ရုပ်ရှင်ကားတွေ၊ဇာတ်လမ်းတွဲတွေ အများကြီးမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ်။ (၁၉၆၅)ခုနှစ်မှာ မွေးဖွားခဲ့ပြီး အသက်ကတော့ (၅၂)နှစ်ပါ။

Jo Min-ki တစ်ယောက် ပြီးခဲ့တဲ့ရက်ပိုင်းတွေတုန်းက အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ကျူးလွန်တယ်လို့ တောက်လျောက်စွပ်စွဲခဲ့ရပါတယ်။ မတ်လ(၉)ရက်နေ့ ဒေသစံတော်ချိန် ညနေ (၂)နာရီမှာတော့ သေဆုံးသွားခဲ့ပါတယ်။ သူ့အိမ်က ပစ္စည်းသိုလှောင်ခန်းအတွင်းမှာ သေဆုံးနေတာကို တွေ့ခဲ့တာပါ။

ကားပါကင်ရဲ့ဘေးမှာရှိတဲ့ သိုလှောင်ခန်းထဲမှာ သေဆုံးနေတာဖြစ်ပြီး သူ့ရဲ့ဇနီးက တွေ့ခဲ့တာပါ။ အဲ့ဒီနောက်မှာတော့ ရဲကို ဖုန်းဆက် အကြောင်းကြားခဲ့ပါတယ်။ Jo Min Ki ဟာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် မတ် (၁၂)မှာ ရဲစခန်းမှာ မေးမြန်းစစ်ဆေးခံရဖို့ ရက်ချိန်းခံထားရသူပါ။

source soompi