2017 Asia Artist Awards ကို တက်ရောက်လာတဲ့ Ji Sooကိုတော့ သူ့ရဲ့ ဆံပင်ပုံစံအသစ်ကြောင့် တော်တော်လေးပုံပြောင်းနေတာကို တွေ့ရမှာပါ။

Ji Sooဟာ အနောက်တိုင်းဝတ်စုံကိုဝတ်ထားပြီး အသားလည်းနည်းနည်းညိုသွားတဲ့အပြင် ဆံပင်ပုံစံကလည်း အရင်နဲ့မတူ တမူထူးခြားနေပါတယ်။

ဒီလိုမျိုး Ji Soo စတိုင်တွေပြောင်းနေရတဲ့ အကြောင်းအရင်းကတော့ ဒီဇင်ဘာလမှာ ထုတ်လွှင့်မယ့်  “Bad Guys 2” ဆိုတဲ့ ကိုရီးယားဒရာမာမှာ သရုပ်ဆောင်ရမယ့် ဇာတ်ကောင်ကြောင့် ဖြစ်ပါတယ်။

Ji Sooကတော့ သူ့ရဲ့ ယောကျာ်းဆန်ပြီး ခန့်ညားနေတဲ့ ပုံစံအသစ်ကြောင့် ပရိသတ်တွေကို အံ့သြစေခဲ့ပါတယ်။

Source: Kstarlive

Celenow Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။