1. Lee Jong Suk

Lee Jong Sukကတော့ သရုပ်ဆောင်မဖြစ်ခင် အရင်တုန်းက ရပ်(ပ်)အဆိုတော်တစ်ယောက်ဖြစ်ဖို့အတွက် လေ့ကျင့်ခဲ့တာဖြစ်ပါတယ်။အဒီတုန်းက သူ့ရဲ့ အနုပညာရှင်နာမည်က “Real” ဖြစ်ပါတယ်။

2. Kim Won Bin

နာမည်ကျော်မင်းသား Kim Won Bin(ထယ်စောက်)ကတော့ EXO နဲ့ Super Junior ၊ H.O.T အဖွဲ့တွေကို မွေးထုတ်ပေးခဲ့တဲ့ SM Entertainment မှာအဆိုတော်ဖြစ်ဖို့အတွက် သီချင်းဆိုပြိုင်ပွဲဝင်ခဲ့ဖူးပါတယ်။ သူသာ အဆိုတော်ဖြစ်ခဲ့မယ်ဆို H.O.Tရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်နေလောက်ပါတယ်။

3. Park Bo Gum

TV စီးရီးတွေနဲ့ မအောင်မြင်ခင်က  Park Bo Gumဟာ အဆိုတော်အဖွဲ့ တစ်ဖွဲ့ရဲ့ အဖွဲ့ဝင်ဖြစ်ဖို့အတွက် လေ့ကျင့်နေခဲ့တာ ဖြစ်ပါတယ်။

4. Lee Yeon Hee

Lee Yeon Heeကတော့ Kpop လောကမှာ အောင်မြင်နေဆဲ အဖွဲ့တစ်ဖွဲ့ ဖြစ်တဲ့ Girls’ Generationအဖွဲ့ မှာပါဝင်ရဖို့အတွက် ကြိုးစားလေ့ကျင့်ခဲ့ပေမဲ့ အဆိုတော်ဖြစ်မလာပဲ သရုပ်ဆောင်ဖြစ်လာခဲ့တာပါ။ ဒါပေမဲ့ အခါအခွင့်ကြုံတိုင်း  သူ့ရဲ့ သီချင်းဆိုစွမ်းရည်ကို ပရိသတ်တွေကို ချပြလေ့ရှိပါတယ်။

5. Lee Ha Nui

မင်းသမီးချော  Lee Ha Nuiကတော့ 2ne1 နဲ့ Bigbang အဖွဲ့ကို မွေးထုတ်ပေးခဲ့တဲ့ YG Entertainmentမှာ တစ်နှစ်ကြာ အဆိုတော်ဖြစ်ဖို့ လေ့ကျင့်ခဲ့ဖူးပါတယ်။သီချင်းဆိုပြီး ကရတာကို နှစ်သက်တယ်လို့လည်း Lee Ha Nui ကပြောခဲ့ပါတယ်။

6. Yoo Ah In

Yoo Ah Inကတော့ တကိုယ်တော် အဆိုတော်ဖြစ်ဖို့အတွက် ကြိုးစားလေ့ကျင့်ခဲ့ပါတယ်။ ဒါပေမဲ့လည်း Yoo Ah Inဟာ သရုပ်ဆောင်အလုပ်ကိုရွေးချယ်ခဲ့ပါတယ်။တစ်နှစ်တစ်နှစ်ကို Kpop အဆိုတော်အဖွဲ့တွေအများကြီးပေါ်တတ်တဲ့  ကိုရီးယားမှာ အဆိုတော်ဖြစ်ခဲ့ရင်တောင်  Yoo Ah Inဟာ အောင်မြင်မှုရနိုင်ပါ့မလားဆိုတာ မပြောနိုင်ပါဘူး။မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချခဲ့တဲ့ Yoo Ah Inဟာ အခုဆိုရင်တော့ ထိပ်တန်းမင်းသား တစ်ယောက်ဖြစ်နေပါပြီ။

7. Soo Ae

Soo Aeကတော့ S.E.S. နဲ့ Fin.K.L အဆိုတော်အဖွဲ့တွေ အောင်မြင်နေတဲ့အချိန် ၁၉၉၀ ၀န်းကျင်လောက်မှာ သူလည်း မိန်းကလေးအဆိုတော်အဖွဲ့ တစ်ခုမှာ ရပ်(ပ်)ပါနေရာကနေပါဝင်ဖို့အတွက် ပြင်ဆင်ခဲ့ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် အဆိုတော်ဖြစ်ဖို့ အစီအစဉ်ပျက်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။

Source: Koreaboo

Celenow Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။