အနုပညာသမားတိုင်း ကောလာဟလနဲ့ မကင်းပါဘူး။ တစ်ချို့ဆိုရင် ပြင်းပြင်းထန်ထန်ကို ဝေဖန်ထိုးနှက်မှုတွေ၊ သူတို့နဲ့ပတ်သက်တဲ့ ကောလာဟလတွေကြောင့် ဘ၀ပါ လဲပြိုလုနီးပါးအခြေအနေတွေနဲ့ ရင်ဆိုင်ရတဲ့အထိ ကြုံခဲ့ဖူးပါတယ်။Public Image ပါ ထိခိုက်ခဲ့ရပြီး ကောလာဟလတွေကြောင့် ပြိုလဲလုနီးပါးအခြေအနေနဲ့ ကြုံခဲ့ရဖူးတဲ့ ကိုရီးယားဆယ်လီတွေရှိပါတယ်။ သူတို့ကတော့……

1. IU

(၂၀၁၃)ခုနှစ်နှောင်းပိုင်းလောက်တုန်းက IU တစ်ယောက် နာမည်ကြီး boy band တစ်ခုက အဆိုတော် တစ်ယောက်နဲ့ လက်ထပ်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ ကောလာဟလသတင်းတွေ ထွက်ခဲ့ဖူးပါတယ်။ သူမက ဒီသတင်းဟာ မဟုတ်ကြောင်းနဲ့ ဒီသတင်းနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ တောင်းဆိုခဲ့ပြီး သတင်းဖြန့်ဝေသူကို ဖမ်းဆီးခဲ့ပါတယ်။

2. Han Seungyeon

(၂၀၁၃)ခုနှစ်တုန်းက အဆိုတော် Seungyeon တစ်ယောက် ကောလာဟလသတင်းတစ်ခုကြောင့် ပြိုလဲလုနီးပါး ဖြစ်ခဲ့ဖူးပါတယ်။ သူမဟာ နာမည်ကြီးဖို့အတွက် အာဏာရှိတဲ့ Entertainment အကြီးအကဲတွေကို ဖြားယောင်းသွေးဆောင် မြှူဆွယ်တယ်လို့ စွပ်စွဲခံခဲ့ရတာပါ။ ဒီကိစ္စမှာဆိုရင် သူမရဲ့ မိဘတွေအထိ ပေါက်ကြားခဲ့ပါတယ်။

3. Sulli

(၂၀၁၄)ခုနှစ်အစောပိုင်းတုန်းက ကိုယ်ဝန်ရနေတယ်ဆိုပြီး သတင်းထွက်ခဲ့ဖူးလို့ လူတွေရဲ့ အာရုံစူးစိုက်မှုကို အတော်လေးခံခဲ့ရပါတယ်။ ဆေးခန်းမှာ ကိုယ်ဝန်သွားပြတယ်ဆိုပြီး မူရင်းပိုစတာမှာကိုက ပြောခဲ့တာပါ။ ကောလာဟလကတော့ အတော်လေးကို ပြန့်နှံ့ခဲ့ပြီး လူပြောခံခဲ့ရပါတယ်။

4. Park Bom

Bom ဟာ ပလတ်စတစ်ဆာဂျရီကောလာဟလ အပါအ၀င် တခြားကိစ္စတွေနဲ့ပတ်သက်ပြီး အတော်လေး အပြောအဆိုခံရသူပါ။ ဆေးခြောက်ကိစ္စနဲ့လည်း သတင်းထွက်ခဲ့ဖူးပါတယ်။ ဒီသတင်းကိုဖြန့်တဲ့ သူမကို ဆန့်ကျင်တဲ့ anti တွေ ကို YG Entertainment က ဥပဒေဘောင်ထဲကနေ အရေးယူခဲ့ပါတယ်။

5. Jang Hyunseung & HyunA

(၂၀၁၄)ခုနှစ် အစောပိုင်းတုန်းကဆိုရင် သူတို့နှစ်ယောက် Cube Entertainment ကနေ Hyuna မှာ Jang Hyunseung ရဲ့ ကိုယ်ဝန်လွယ်ထားရတယ်ဆိုပြီး တရားဝင်ကြေညာချက်ထုတ်ခဲ့ဖူးပါတယ်။ နောက်ပိုင်းမှာတော့ အဲ့ဒီ ကြေညာချက်ဟာ လုပ်ကြံဇာတ်ခင်းတယ်ဆိုပြီး ဖြစ်သွားခဲ့ပါတယ်။

6. Rain

နိုဝင်ဘာ (၂၀၁၄) တုန်းက Rain ရဲ့ ကိုယ်လုံးတီး ပုံတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။ အဲ့ဒီပုံတွေဟာ ပျောက်သွားတဲ့ ကင်တေဟီးရဲ့ ဖုန်းထဲကနေရလာတာဆိုပြီး ဖော်ပြခဲ့ပါတယ်။ နောက်ပိုင်းကျတော့ ဒီပုံတွေဟာ Rain မဟုတ်ဘဲ Rain နဲ့ တူတဲ့ သူတစ်ယောက်ရဲ့ ပုံဆိုပြီး ပြီးသွားခဲ့ပါတယ်။

7. Suho

Suho ကတော့ သူ့အဖေနဲ့ပတ်သက်တဲ့ သတင်းပါ။ သူ့အဖေဟာ ဂျပန်အစိုးရကို ထောက်ခံအားပေးတဲ့အဖွဲ့ထဲက အရာရှိဆိုပြီး တောင်ကိုရီးယားပြည်သူတွေကြား သတင်းပျံ့ခဲ့ပါတယ်။ ဒါကြောင့် Suho နဲ့ သူ့အဖေအပေါ် မုန်းတီးခဲ့ကြပါတယ်။ နောက်ပိုင်းကျမှ အဲ့ဒီသတင်းဟာ ကောလာဟလ သတင်းမှားဆိုပြီး ဖြစ်ခဲ့တာပါ။

from koreaboo

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။