ချစ်သူဆီက ရိုမန်တစ်ဆန်ဆန် လက်ထပ်ခွင့်တောင်းခံမှု ကို မိန်းကလေးတိုင်း လို လို မျှော်လင့်တတ်ကြပါတယ်။အဲ့ဒီလို ချစ်သူရဲ့ မျှော်လင့် ချက်ကို ဖြည့်စွမ်းေ ပးခဲ့တဲ့ ကိုရီးယားဆယ်လီတွေအကြောင်းကိုတော့ koreabooမှာ ဖော်ပြ ထားပါတယ်။Single တွေ အားကျရလောက်အောင်ကို တကယ့်ကို ရိုမန် တစ် ဆန်လွန်းတဲ့ နည်းလမ်းတွေကို သုံးပြီး လက်ထပ်ခွင့်တောင်းခဲ့တာပါ။လက် ထပ် လက်စွပ်မှာသုံးမယ့် ရွှေကိုတောင်ကိုယ်တိုင် ကျင်ယူပြီးလက်ထပ်ခွင့်တောင်း တာ၊သားရေကွင်းနဲ့ ရိုမန်တစ်ဆန်ဆန်လက်ထပ်ခွင့်တောင်းတာတွေ၊Haha ရဲ့ ရိုမန်တစ်ဆန်ပုံတွေကို တွေ့ရမှာပါ။

1. Jung Jeong Ah

မင်းသမီး  Jung Jeong Ah က Video Star ဆိုတဲ့ အစီအစဉ်မှာ သူ့ရဲ့ သ တို့သားဆီကနေ လက်ထပ်ခွင့် တောင်းခံခဲ့ရပုံကို ပြောပြခဲ့ပါတယ်။စင်္ကြ လမ်းေ ပ်ါမှာ ပိုက်ဆံ 10,000 KRW (အမေရိကန်ဒေါ်လာနဲ့ဆိုရင် ၉ ဒေါ်လာ) ဖြန့်ခ င်းပြီး လက်ထပ်ခွင့်တောင်းခဲ့တာပါလို့ ဆိုပါတယ်။တကယ့်ကို ထူးခြားတဲ့ လက် ထပ်ခွင့်တောင်းတဲ့ပုံစံပါ။

2. Goo Hye Sun & Ahn Jae Hyun

မင်းသား Ahn Jae Hyun ကတော့ သူ့ချစ်သူ မင်းသမီး  Goo Hye Sun ကို သူကိုယ်တိုင် ဒီဇိုင်းဖန်တီးထားတဲ့ လက်စွပ်ကို ပေးပြီး လက်ထပ်ခွင့်တောင်း ခဲ့တာပါ။လက်ထပ်ခွင့် တောင်းတဲ့ ပုံကို ဗီဒီယိုရိုက်ကူးခဲ့ပါတယ်။အဲ့ဒီဗီဒီယို ဖိုင်ထဲမှာတော့ Goo Hye Sun က သူမအတွက် ယူလာပေးတဲ့ ပန်းတွေရဲ့ အနားမှာ ထိုင်နေတဲ့ပုံ ပါပါတယ်။လက်စွပ်နဲ့ပန်းစည်းကို ပေးပြီး လက်ထပ် ခွင့်တောင်းခဲ့တာပါ။အရမ်းကို ရိုမန်တစ်ဆန်လွန်းပြီး အဲ့ဒီဗီဒီယိုဖိုင်ကို ကြည့်တဲ့ သူ (၂)သန်းကျော်တောင်ရှိခဲ့ပါတယ်။

3. Kim Ga Yeon & Lim Yo Hwan

မင်းသမီး Kim Ga Yeon ကိုတော့ ပရော်ဖက်ရှင်နယ်ဂိမ်းသမား Lim Yo Hwan က Happy Together ဆိုတဲ့ အစီအစဉ်မှာ လက်ထပ်ခွင့်တောင်းခဲ့ တာပါ။ဖန်ဗူးလှလှလေးထဲမှာ ထည့်ထားတဲ့  wedding shoes ကို လက်ေ ဆာင်ပေး၊သူမရှေ့မှာ ဒူးထောက် လိုက်ပီး ကင်မရာသမားတွေ၊တခြားဧည့်သည် ဆယ်လီတွေ အားလုံးရဲ့ ရှေ့မှာ လက်ထပ်ပါရစေဆိုပြီး တောင်းဆိုခဲ့တာပါ။

4. Kim Won Joon

မင်းသား Kim Won Joon ရဲ့ ဇနီးကတော့ ဆယ်လီအနုပညာ အသိုင်းအ ၀ိုင်းက မဟုတ်ပါဘူး။သူ့ရဲ့ ဇနီးကိုတော့ သူမနဲ့ မတွေ့ခင်တည်းက တနေ့ ချစ် ရတဲ့ သူပေါ်လာရင်ပေးမယ်ဆိုပြီး ရည်ရွယ်ပြီး ၀ယ်ထားတဲ့ နားကပ် လေးကို ပေးပြီး လက်ထပ်ခွင့်တောင်းခဲ့တာပါ။သူ့လက်ထပ်ချင်တဲ့ မိန်းကလေးပေါ်လာရင် ပေးမယ်ဆိုပြီး ဟိုးအရင်တည်းက ရည်ရွယ်ပြီး ၀ယ်ထားခဲ့တဲ့ နားကပ်လေးပါ။

5. Yook Joong Wan

Yook Joong Wan ကတော့ သူ့ရဲ့ best friend အဖြစ် (၁၀)နှစ်လောက် အနားမှာ အတူရှိခဲ့တဲ့ မိန်းကလေးကို လက်ထပ်ခဲ့တာပါ။လက်ထပ် ခွင့်ေ တာ င်းတာ ကတော့ သူက ရိုမန်တစ်အဖြစ်ဆုံးလို့ တောင်ပြောရမှာပါ။ဘာကြောင့်လဲ ဆိုတော့ လက်ထပ်ခွင့်တောင်းတဲ့ လက်စွပ်အတွက် ရွှေကိုတောင် ကိုယ်တိုင် သွားပြီး ရွှေကျင်ယူခဲ့တာပါ။သူလို ချင်တဲ့ ဒီဇိုင်းကိုရဖို့ ရွှေကိုပါ ကိုယ်တိုင်သွားပြီး (၈) နာရီလောက် ကျင်ယူခဲ့တာပါ။

6. HaHa & Byul

HaHa ကလည်း ရိုမန်တစ် ဆန်တဲ့ ယောက်ျားတစ်ယောက်ပါ။လက်ထပ်ခွင့်ေ တာင်းဖို့ တကူးတက surprise ပွဲလေး ပြင်ဆင်ခဲ့ပါတယ်။ကျန်းမာ ရေး မေ ကာင်းဖြစ်နေတဲ့ Byul အဖေကြောင့် လက်ထပ်ပွဲ အရင် မလုပ်ပဲ လက်ထပ် မှတ် ပုံတင်တာကို အရင်လုပ်ခဲ့တာပါ။တစ်ဖက်မှာ ကျန်းမာ ရေးမကောင်းတဲ့ ဖခင်ကြောင့် အလျင် စလို လက်ထပ်မှတ် ပုံတင်ခဲ့ရတယ် ဆိုပေမယ့် ချစ်သူအ တွက် surprise ပွဲလေး ကျင်းပပြီး လက်ထပ်ခွင့် တောင်းခဲ့ပါတယ်။လက်ထပ် မှတ်ပုံတင်ရအောင် သွားတဲ့ ရုံးမှာပဲ ကောင်စီက ၀န်ထမ်းတွေကို အကူအညီေ တာင်းပြီး အဲ့ဒီရုံးမှာပဲ ပွဲလေး လုပ်ပေးခဲ့တာပါ။ city council ကိုရောက်တော့ လက်စွပ်တစ်ကွင်းကို ပေး ဒူးထောက်ပြီး ငါမင်းကို ကြိုက်တယ် လက်ထပ်ရေ အာင် ငါ့ရဲ့ နောက်ဆုံး အချစ်အဖြစ် နေပေးပါ” ဆိုပြီး ပြောခဲ့တာပါ။တကယ့်ကို ရိုမန်တစ်ဆန်ပါတယ်။

 

7. Tiger JK & Yoon Mirae

ရက်ပ်ပါ အဆိုတော် Tiger JK က သူ့ချစ်သူ ရက်ပ်ပါအဆိုတော်  Yoon Mirae ကို လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။သားရေကွင်းနဲ့ လက်ထပ် ခွင့် တော င်းခဲ့တာပါ။သားရေကွင်းပေးပြီး ရိုမန်တစ်ဆန်ဆန် လက်ထပ်ခွင့် တောင်းလို့ ရတယ်ဆိုတာကို ပြသွားတာပါ။တစ်ရက်မှာ ချစ်သူ Yoon Mirae ရဲ့ လက်မှာ သားရေကွင်းကို လက်စွပ်လို စွပ်ပေးပြီး”မကြာခင်မှာ စိန်လက်စွပ် ဖြစ်အောင် ငါပြောင်းပေးပါ့မယ်” ပြောပြီး လက်ထပ်ခွင့်တောင်းခဲ့တာပါ။လက်ထပ်တဲ့ နေ့ မှာသုံးတဲ့ လက်ထပ်လက်စွပ်ကလည်း ဈေးထဲကနေ ၀ယ်ထားတဲ့ အမေရိက န်ဒေါ်လာ(၂၂)ဒေါ်လာတန် လက်စွပ်နဲ့ပါ။လက်ထပ်ပြီးနောက်မှာတော့ သူ့ကတိ အတိုင်း တကယ်ပဲ စိန်လက်စွပ်ပြောင်းပေး၊မပေးတော့ မသိပေမယ့် အခု အချိန် မှာတော့ မိသားစုဘ၀လေးကို ပိုင်ဆိုင်နေပါပြီ။

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။