ဗီလိန်ဇာတ်ကောင်ဆိုရင် ပီပြင် လွန်းတဲ့ မင်းသမီးချော Kim So-yeon က တကယ့် ကို ဆရာမကြီးပါ။ြ မန်မာပရိသတ်တွေ က တော့ သူမကို ဆည်းဆာ ရင်ခုန်သံ (All About Eve -2000) ဇာတ်ကားထဲက ဟိုယွန်မီ ဆိုပြီး ပိုသိကြပါတယ်။အဲ့ဒီကားမှာ လည်း ဗီလိန် နေရာကို ပီပြင် အောင် သရုပ်ဆောင် ပြ ခဲ့တဲ့ သူပါ။အခုကေ တာ့The Penthouse ဆိုတဲ့ ဇာတ်ကား နဲ့ ပရိသတ်တွေကြားမှာ တ ကျော့ပြန် ရေပန်းစားလာခဲ့ပါတယ်။ ဗီလိန်ဆရာ မကြီးက တော့ ဒီကားမှာ လည်း သူမရဲ့ သရုပ်ဆောင် Skill တွေကို အစွမ်းကုန် ထုတ်ပြခဲ့ပါတယ်။ ပရိသတ်တွေရဲ့ အချစ်ရော အမုန်းကိုပါ သိမ်းကြုံး ရယူ ထားတဲ့ Kim So-yeon ရဲ့ အကြောင်း တွေကို ဝေမျှ ပေးချင်ပါတယ်။

ငယ်ဘဝ

Kim So-yeon ကို တော့ (၁၉၈၀)နိုဝင်ဘာ (၂)ရက်နေ့မှာ မွေးခဲ့တာပါ။သူမက တော့ အသက် (၄၀)ပြည့် သွားခဲ့ပါပြီ။(၁၄)နှစ်သမီး တုန်းက မိဘ တွေ ရဲ့ ခွင့်ပြု ချက် မရှိပဲ Miss Binggrae အလှမယ်ပြိုင်ပွဲကို ၀င်ပြိုင် ခဲ့ ပါတယ်။အလယ်တန်း ကျောင်းသူ ဘ၀ ဒုတိယ နှစ် မှာတော့ marker pen ကို eyeliner လို လုပ် ဆွဲ ခဲ့ တဲ့ သူမက ပြိုင်ပွဲမှာ ထိပ်တန်းဆု ကို ရယူနိုင်ခဲ့ပါတယ်။

အနုပညာဘ၀ အစ

 

View this post on Instagram

 

A post shared by 김소연 (@sysysy1102)

အနုပညာ လောကထဲကို တော့ (၁၉၉၄) ခုနှစ် တည်းက စတင် ၀င်ရောက်ခဲ့တာပါ။နာမည် ကြီး ဇာတ်ကားတွေ က တော့ All About Eve (2000), Iris (2009), Prosecutor Princess (2010), Happy Home တို့ပါ။ သရုပ်ဆောင်ဘ၀ ပွဲဦး ထွက် ဇာတ်ကားက တော့ Dinosaur Teacher ပါ။ ဆယ်ေ ကျာ်သက် အရွယ် တည်းက Rep orting for Duty (1996) ၊ Soonpoong Clinic (1998) ဆိုတဲ့ TV Show တွေ မှာ ပါဝင် ခဲ့ပါတယ်။ Inkigayo ဆိုတဲ့ ဂီတ ပရိုဂရမ်မှာ တင်ဆက်သူ အဖြစ် လုပ်နေခဲ့ ချိန်မှာတော့ ကြော်ငြာ တွေ အများကြီး လက်ခံ ရိုက်ကူး ခဲ့ရပါတယ်။ဆယ်ကျော်သက် ဘ၀မှာ ကြော်ငြာ မော်ဒယ် လုပ်ရင်းနဲ့ ၀မ်သန်း တစ်ရာအထိ ၀င်ငွေ ရခဲ့တဲ့ ပထမဆုံး ဆယ်ကျော် သက် Star တစ်ယောက် ဖြစ်လာတဲ့ အထိ အောင်မြင်ခဲ့ဖူးပါတယ်။

All About Eve ဇာတ်ကား နဲ့ သူမ

သူမရဲ့ ပင်ကိုယ်မျက်နှာကိုက မာတဲ့ Strong ဖြစ်တဲ့ အထဲမှာ ပါပါတယ်။All About Eve မှာ ဗီလိန် နေရာ က နေ သရုပ်ဆောင် ခဲ့တုန်း က သူမ အသက်က (၂၀)၀န်းကျင်လောက်ပဲ ရှိပါ သေးတယ်။ဒီဇာတ်ကားကတော့ မြန်မာ ပရိသတ်တွေ အရမ်း ကြိုက်ခဲ့ပါတယ်။ဒါ ပေမယ့် ဗီလိန် နေရာ ကေ န ပီပြင်စွာ သရုပ်ဆောင် ခဲ့တဲ့ ရလဒ်ကြောင့် ပရိသတ်တစ်ချို့ရဲ့ မုန်းတီးတာကို ခံခဲ့ရပါတယ်။ဗီလိန် မင်းသမီး ဆိုပြီး သူမရဲ့ Image ကို ထိခိုက်ခဲ့ရပါတယ်။

ထင်သလောက် ဇာတ်ကားတွေ မပေါက်ခဲ့

 

View this post on Instagram

 

A post shared by 김소연 (@sysysy1102)

ဟောင်ကောင် ဒါရိုက်တာ Tsui Hark ရဲ့ Seven Swords ဆိုတဲ့ ဇာတ်ကားမှာ ပါဝင်ခဲ့ပါတယ်။ တရုတ်ဒရမ်မာ Just Like a Beautiful Flying Butterfly ၊ Anhui Merchants တို့မှာ ပါဝင်ခဲ့ပေမယ့် ဇာတ်ကားတွေ က မပေါက်ခဲ့ပါဘူး။ဒါကြောင့် သုံးနှစ်လောက် အနုပ ညာ အလုပ်က နေ ခဏ နားခဲ့ပါတယ်။ ဇာတ်ကောင်တွေ အများကြီးကို ပီပြင် စွာ သရုပ်ဆောင်နိုင်ဖို့က သူမရဲ့ ရည်မှန်းချက် လို့ Kim So-yeon က ပြောခဲ့ ဖူးပါတယ်။သရုပ်ဆောင် မလုပ်ဖြစ်ရင်တောင်မှ Documentary တွေ မှာ အသံနဲ့ ပါဝင် သူ၊Radio Show မှာ Host အဖြစ် ဆက်လုပ်ချင်တယ်လို့ လည်း အင်တာဗျူး ဖြေဖူးပါတယ်။

သရုပ်ဆောင်ဘ၀က နေ ခဏ အနားယူခဲ့ရတဲ့ အ ကြောင်းအရင်း

အနားယူရတဲ့ အကြောင်းက တော့ ၁၉၉၄ တည်းက အနုပညာလောကထဲ ၀င်လာ ပေမယ့်လည်း သူမရဲ့ အော င်မြင်မှုက ထင်ထား သလောက် ဖြစ်မလာ လို့ စိတ် ဓါတ် ကျ ပြီး ခဏ နားခဲ့တာပါ။ပွဲဦး ထွက်ဇာတ်ကားက တော့ ၂၀၀၅ ဇာတ်ကား “Autumn Showers” တို့က ကြည့်ရှုနှုန်း မျှော်လင့် ထားသ လောက် ဖြစ်မလာတြာေ ကာင့်..”အဲ့တုန်းက ကျွန်မ စိတ်ထဲမှာ သံသယတွေ ပြည့်နေတယ်။ငါ သရုပ်ဆောင် အလုပ်မှာ ငါ့ အချိန် တွေ အများကြီးကို ဖြုန်းတီးနေ မိပြီလား လို့ တွေးမိခဲ့ဖူးတယ်.ခဏ နားဖို့ ကိုယ့်ကိုယ်ကို တွန်းအားပေးခဲ့တာ က ရှေ့ဆက် ဖို့ စိတ်ကို ပိုခိုင်မာ သွားစေခဲ့တယ် .” လို့ Kim So-yeon က ပြောခဲ့ပါတယ်။

ခွန်အားအပြည့်နဲ့ ပြန်လာခဲ့

 

View this post on Instagram

 

A post shared by 김소연 (@sysysy1102)

(၂၀၀၈)မှာတော့ Gourmet ဆိုတဲ့ စီးရီးနဲ့ ဇာတ်ကားတွေ ပြန်လည် ရိုက်ကူးခဲ့ပါတယ်။ဒီဇာတ်ကားက တော့ နှစ်နဲ့ ချီခဏ နားပြီး ပထမ ဆုံး ပြန်ရိုက်တဲ့ ကားပါ။တစ်နှစ်အကြာမှာတော့ Iris ဇာတ်ကားမှာ ပါဝင် ခဲ့ပါတယ်။ Iris အတွက် အရမ်းလှတဲ့ သူမရဲ့ ဆံပင်ကိုတောင် စွန့်လွှတ်ခဲ့သလို အက်ရှင် ခန်းတွေ အတွက် ကြိုးကြိုးစားစား သရုပ်ဆော င် ခဲ့ပါတယ်။(၂၀၁၀)မှာတော့ ရိုမန်တစ်စီးရီး Prosecutor Princess မှာ ဇာတ်လိုက် နေရာ က နေ သရုပ်ဆောင် ခွင့် ပြန်ရခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းမှာတော့ ဆက်တိုက် ဆိုသလို ဇာတ်ကားတွေ ပြန် ရိုက်ခဲ့ပါတယ်။

၂၀၁၅ မှာတော့ Beating Again ဒရမ်မာစီးရီး ရိုက်ခဲ့ပါတယ်။We Got Married Season 4 မှာ Kwak Si-yang နဲ့ အတူ ၊၂၀၁၆ မှာ Happy Home မှာ ပါဝင်ခဲ့ပါတယ်။(၂၀၁၈)မှာတော့ Namoo Actors အေဂျင်စီနဲ့ လက်တွဲဖြုတ်ပြီး J Wide Comp any နဲ့ လက်တွဲခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ SBS ရဲ့ Secret Mother ၊(၂၀၁၉) မတ် Mother of Mine ၊ (၂၀၂၀)မှာတော့ The Penthouse: War in Life ဆိုတဲ့ ဇာတ်ကားမှာ ပါဝင် ခဲ့ပါတယ်။

အချစ်ရေး

 

View this post on Instagram

 

A post shared by 김소연 (@sysysy1102)

သူမရဲ့ အချစ်ရေးက တော့ လက်ထပ်ပြီးပါပြီ။လက်မထပ်ခင်တုန်းက အချစ်ရေး အင်တာဗျူးမှာ တော့ ဘယ်နှစ်ကြိမ် ပဲ တွေ့ တွေ့ သူမရဲ့ ရင်ခုန်သံကို မြန်အောင် လုပ်နိုင်တဲ့ လူမျိုးကို သဘောကျ တယ်၊အနုပညာလောကထဲ က မင်းသား တစ်ယောက် ထက် မနည်း ဒိတ်လုပ် ခဲ့ဖူးတယ်လို့ ထုတ် ပြောဖူးပါတယ်။

 

View this post on Instagram

 

A post shared by 김소연 (@sysysy1102)

(၂၀၁၆) စက်တင်ဘာ (၆)ရက်နေ့မှာ မင်းသား Lee Sang-woo နဲ့ တွဲ နေတယ်ဆိုပြီး အတည်ပြု ကြေညာ ခဲ့ပါတယ်။သူတို့ နှစ်ယောက်ကတော့ Happy Home ဇာတ်ကားမှာ ဆုံခဲ့ကြတာပါ။(၂၀၁၇) မတ် (၂၈) မှာတော့ လက်ထပ် မယ်လို့ ကြေညာခဲ့ကာ (၂၀၁၇) ဇွန် မှာတော့ လက်ထပ်ခဲ့ပါတယ်။လက်ရှိမှာတော့ သူမရဲ့ The Pentho use: War in Life ဇာတ်ကားကို ထုတ်လွှင့်ပြသ နေပါတယ်။

ဒီဇာတ်ကားကိုတော့ Viu Myanmar App ကို Download လုပ် ယူပြီး ကြည့်ရှုနိုင်ပါတယ်။ MPT, Mytel နဲ့ Ooredoo User တွေဆိုရင်တော့ Viu Premium အထူးကြည့်ရှုခွင့်ကို လစဉ် ကြေး မလိုပဲ ကြည့်ရှုနိုင်ပါတယ်။ အာရှတစ်ခွင်က ရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲပေါင်းများစွာကို ၁၀၀% မြန်မာစာတန်းထိုးနဲ့ Viu မှာ ကြည့်ရှုလို့ ရပါတယ်။ ဒါကြောင့် Viu app ကို ဒီနေရာမှာ ဒေါင်းလုဒ်ရယူလိုက်ပါ။

 

#CELENOW(ref:Wiki)