အခုဖေါ်ပြမယ့် Idol ၆ယောက်ကတော့ အနုပညာရှင်အလုပ်ဟာ ကမ္ဘာပေါ်မှာ အထီးအကျန်ဆုံးအလုပ်ဖြစ်ကြောင်းကို ဖေါ်ပြခဲ့ပါတယ်။

လူအများစုကတော့ Idol ဖြစ်ရတာဟာ လူတွေအများကြီးရဲ့ အချစ်ကိုခံရလို့ ပျော်စရာကောင်းတယ်လို့ သတ်မှတ်ကြပါတယ်။ ဒါပေမဲ့ Idol တွေအတွက်ကတော့ အဲဒီလိုမဟုတ်ပါဘူး။ သူတို့ရဲ့တောက်ပတဲ့ အပြုံးတွေနောက်မှာ အထီးကျန်မှုတွေနဲ့ လျှို့ ၀ှက်မှုတွေ ရှိနေပါတယ်။ ဒီအနုပညာရှင် (၆)ယောက်ကတော့ သူတို့ရဲ့ အနုပညာရှင်ဘ၀တွေနဲ့ ပတ်သက်ပြီးတော့ ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ကြပါတယ်။

1. Girls’ Generationရဲ့ Taeyeon

Taeyeon ကတော့ ဖျော်ျြေဖပွဲတွေပြီးသွားတဲ့အချိန်နဲ့ သူ လပေါင်းများစွာ ပြင်ဆင်မှုတွေလုပ်ထားပြီး ပရိသတ်ကိုချပြခွင့်မရတဲ့အချိန်တွေမှာ စိတ်ဓါတ်ကျတာကို ခံစားရပါတယ်တဲ့။ ပြီးတော့ လူအများကြီးရှေ့မှာ ဖျော်ဖြေပြီး ဘယ်သူမှမရှိတဲ့ ဟိုတယ်ခန်းထဲကို ပြန်လာရတဲ့အချိန်ဟာ အထီးအကျန်ဆုံးဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

2. BIG BANG ရဲ့ G-Dragon

G-Dragon ကလည်း ဖျော်ျြေဖပွဲတွေပြီးသွားတဲ့ အချိန်မှာ အထီးအကျန်ဆုံးပါပဲတဲ့။ လူတွေကတော့ ဖျော်ျြေဖပွဲတွေပြီးသွားတဲ့အခါ ပါတီတွေ၊ ပျော်ပွဲရွှင်ပွဲတွေကျင်းပကြမှာပဲလို့ ထင်ကြပေမဲ့ တကယ်တော့ BIG BANG အဖွဲ့ဝင်တွေဟာ ဖျော်ျြေဖပွဲပြီးတာနဲ့ ကိုယ့်အခန်းကိုယ် ပြန်ကြပါတယ်လို့ ပြောခဲ့ပါတယ်။

3. BoA

BoA ကတော့ ဖျော်ျြေဖပွဲအတွက် လေ့ကျင့်တဲ့အချိန်တွေများလွန်းလို့ မနက်မိုးလင်းထိတောင် အိပ်မရတဲ့နေ့တွေများခဲ့တယ်လို့ ဆိုပါတယ်။ အဲ့လိုဖြစ်တိုင်းလဲ အထီးကျန်မှုကို ခံစားခဲ့ရပါတယ်တဲ့။

4. INFINITE ရဲ့ Sungkyu

Sungkyu ကတော့ အနုပညာရှင်ဖြစ်ရတာဟာ အနာဂတ်ကို မှန်းဆလို့မရလို့ အမြဲစိုးရိမ်နေရပါတယ်လို့ ပြောပါတယ်။ ဖျော်ျြေဖပွဲတစ်ခုပြီးတိုင်း ပရိသတ်တွေ အခုအားပေးနေသလို နောက်ဖျော်ျြေဖပွဲတွေမှာရော လာအားပေးကြမလားဆိုတာကို တွေးပြီးတော့ စိတ်ဓါတ်ကျတတ်ပါတယ်တဲ့။

5. Suzy

Suzy ကတော့ သူငယ်ချင်းတွေနဲ့ အတူတူ ရယ်မောနေတုန်းမှာ ရုတ်တရက်ကြီးငိုခဲ့ပါတယ်။ အဲ့တော့မှ သူ့ကိုယ်သူ စိတ်ဓါတ်ကျနေတာကို သိခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ Suzy ဟာ သူ့ရဲ့ကိစ္စတွေကို သူ့သူငယ်ချင်းကို ရင်ဖွင့်ခဲ့ပါတယ်။ အဲတော့မှပဲ စိတ်ဓါတ်ကျနေတာ ပြန်သက်သာခဲ့တယ်လို့ ပြောခဲ့ပါတယ်။

6. IU

IU ကတော့ စိတ်ဖိစီးမှုတွေများတဲ့အခါ အစားအလွန်အကျွံစားတာ၊ ဒါမှဟုတ် ကိုယ့်ကိုကိုယ် အငတ်ခံပြီးနေတတ်ပါတယ်တဲ့။ စိတ်ဖိစီးမှုများလွန်းလို့ အလွန်အကျွံသောက်စားမိပြီး အန်တဲ့အထိဖြစ်ခဲ့ဖူးတယ်လို့လည်းပြောခဲ့ပါတယ်။ “ကိုယ့်ကိုကိုယ် မုန်းပြီး ယုံကြည်မှုမရှိခဲ့လို့ စိတ်ဓါတ်ကျခဲ့ဖူးပါတယ်။ အဲဒီအချိန်က တော်တော်ကို စိတ်ပင်ပန်းခဲ့ပါတယ်”လို့ IU ကပြောခဲ့ပါတယ်။

Source: Koreaboo

Celenow Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။