2007,2008,2009 ခုနှစ်တွေကတော့ ကေပေါ့ပရိတ်သတ်တွေ ဘယ်တော့မှမေ့မရမယ့်နှစ်လေးတွေပါ။ နိုင်ငံတော်တော်များများကလည်း Kpop အဖွဲ့တွေကိုစတင်သတိထားမိလာကြတဲ့ နှစ်လေးတွေပေါ့ ။ အရမ်းကိုထူးချွန်ပြီး တော်ကြတဲ့အဖွဲ့တွေ ၊ ပရိတ်သတ်ရင်ထဲ စွဲထင်ကျန်စေမယ့်အဖွဲ့တွေအများကြီးပေါ်ခဲ့ကြတာပါ။ ဒီလို ၀က်ဝက်ကွဲနာမည်ကြီး အောင်မြင်ခဲ့တဲ့အဖွဲ့တွေထဲမှာ 2PM အဖွဲ့လည်းအပါအ၀င်ပါ။

 

 

View this post on Instagram

 

Who is 2PM’s member you want to give you some flowers on Valentines Day?

A post shared by Diary Of 2PM – 투피엠 fans (@2pm.fanclub) on

2PM အဖွဲ့တွေကတော့ အခုချိန်ထိ စည်းစည်းလုံးလုံးရှိနေကြဆဲဖြစ်တဲ့အကြောင်းကို Allkpop မှာဖော်ပြထားပါတယ်။ October ၃၀ မှာတော့ 2PM ပရိတ်သတ်တွေ အပျော်မျက်ရည်လေးတွေကျစေမယ့် ပုံတစ်ပုံကို Taecyeon ကသူ့ရဲ့ twitter မှာတင်လိုက်တာပါ။ Caption မှာတော့ “Chansung’s break” ဆိုပြီး ရေးထားခဲ့ပါတယ်။ ပုံထဲမှာတော့ 2PM အဖွဲ့ဝင်တွေဖြစ်တဲ့ Jun.K, Junho , Chansung, Wooyong နဲ့ Nickhun တို့ တူတူစားသောက်ရင်း ထိုင်နေကြတာပါ။

2PM အဖွဲ့ကတော့ ၂၀၀၈ ခုနှစ်တည်းကဖွဲ့စည်းခဲ့တာဖြစ်ပြီး အခုချိန်ထိ သွေးနီးနေကြဆဲ၊ ခင်မြင်နေကြဆဲပါ။ အမြဲလိုလို အဖွဲ့ဝင် ၆ ယောက်လုံးတွေ့ဆုံကြပြီး ပရိတ်သတ်တွေအတွက်လည်း ပုံတွေအမြဲဝေမျှပေးခဲ့ပါတယ်။ အခုနှစ်တွေ့ဆုံမှုပုံလေးကိုလည်း ပရိတ်သတ်တွေက သလောကျလျက်ရှိပြီး ပြန်လည်ဝေမျှနေကြပါတယ် ။ 2PM ပရိတ်သတ်တွေအတွက်တော့ အလွမ်းပြေပုံလေးကြည့်ပြီးပျော်ရွှင်ကြမယ်လို့မျှော်လင့်ပါတယ်နော် …

 

 

#CELENOW