ရုပ်ရှင်ကားတွေမှာ ပရိသတ်တွေရဲ့ အဓိက စိတ်ဝင်စားမှုကို ရရှိတဲ့သူတွေကတော့ အဓိက သရုပ်ဆောင်တွေပဲ ဖြစ်ပါတယ်။ ခေါင်းဆောင်မင်းသားနဲ့ မင်းသမီးတွေဆိုရင် ပိုပြီးတော့တောင် ပရိသတ်ရဲ့ စိတ်ဝင်စားမှုကို ရရှိတတ်ကြပါတယ်။ ဒါပေမယ့်လည်း ဒုတိယမင်းသား အဖြစ်နဲ့ ပရိသတ်တွေရဲ့ အချစ်ကို ရရှိကြတဲ့ သရုပ်ဆောင်တွေလည်း ရှိပါတယ်။ ပရိသတ်တွေရဲ့ အချစ်တွေကို ဒုတိယ မင်းသား အဖြစ်နဲ့ပဲ အချစ်တွေ အများကြီးရခဲ့ကြတဲ့ သရုပ်ဆောင်တွေကို kstarlive ကနေ အခုလိုပဲ ဖော်ပြထားခဲ့ပါတယ်။

Kim Seonho ( Start-up )

 

ဒုတိယ မင်းသားတွေထဲမှာ အထူးခြားဆုံး ဇာတ်ဆောင် တစ်ခု ဖြစ်ပါတယ်။ ချစ်ရသူကို ဂရုစိုက်ပေးရရုံသာမက ချစ်ရသူ ကြိုက်တဲ့ ချစ်သူကို ရှာပေးရပြီး နှစ်ယောက်လုံးကို ဂရုစိုက်ပေးရတဲ့ ဇာတ်ဆောင်မျိုး ဖြစ်ပါတယ်။

Ji Soo ( Strong Woman Do Bongsoon )

 

 

View this post on Instagram

 

A post shared by Jisoo (@actor_jisoo)

သူလေးကတော့ ဒုတိယ မင်းသားအဖြစ်နဲ့ ပိုပြီး လူသိများတာမို့ ပရိသတ်တွေရဲ့ အချစ်တွေနဲ့ သနားစိတ်ကိုပါ ရရှိထားတာ ဖြစ်ပါတယ်။

Lee Dohyun ( Hotl del Luna )

 

 

View this post on Instagram

 

A post shared by 이도현 (@ldh_sky)

ဒီဇာတ်လမ်းထဲမှာဆို Lee Dohyun က ချစ်ရတဲ့သူအတွက် သူ့ဘက်က အသက်ရှိစဉ်မှာ အစွမ်းကုန် ကာကွယ်ပေးရင်း ချစ်ရတဲ့သူ သတ်တာကို ခံလိုက်ရတဲ့အပြင် နှစ်ပေါင်း ထောင်ချီပြီးတော့လည်း ချစ်သူအနားမှာ မသိအောင် ရှိနေပေးတဲ့သူ ဖြစ်ပါတယ်။

Kim Bum ( Tale of the Nine Tailed )

 

 

View this post on Instagram

 

A post shared by 김범 kimbum (@k.kbeom)

အဓိက သရုပ်ဆောင်ရဲ့ ညီအဖြစ် သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ တစ်ဦးတည်းသော အစ်ကို တစ်ဘဝလုံး ချစ်လွန်းလို့ ဆိုးရတဲ့အထိ အသက်ပေးရတဲ့ အထိ ချစ်လွန်းတဲ့ ညီတစ်ယောက် အဖြစ် သရုပ်ဆောင်ထားမှုတွေက ပရိသတ်တွေကို လုံးဝ ဂရုဏာသက်စေခဲ့တာပါ။

Byeon Wooseok ( Record of Youth )

 

တစ်ဖက်သတ် အချစ်နဲ့ ချစ်ရတဲ့သူကို ငေးရင်း ချစ်နေရတဲ့သူမို့ တဖက်သတ် ချစ်မိတတ်တဲ့သူတွေကိုတောင် ကိုယ်ချင်းစာစေမိမယ့် ဇာတ်ဆောင် တစ်ဦး ဖြစ်ပါတယ်။

Kham