‘2017 Stars’ Night – 6th Annual Korea Top Star Awards’  ဆုပေးပွဲကိုတော့ ဒီဇင်ဘာ (၂၈) ရက်နေ့ ဒေသစံတော်ချိန် ညနေ (၆) နာရီမှာ ကျင်းပသွားမှာပါ။ ဒီပွဲကိုတော့ အနုပညာလောကမှ မင်းသား၊ မင်းသမီးတွေ၊ အဆိုတော်တွေနဲ့ တခြားနာမည်ကြီးဆယ်လီတွေပါ တက်ရောက်ကြမှာပါ။

ဒီပွဲမှာ ဆုဆွတ်ခူး ကြမယ့်သူတွေ(Winners) တွေကတော့ …
ဒါရိုက်တာ ဆု ‘Korea’s Top Director Award’ ကိုတော့ ‘Taxi Driver’ ဇာတ်ကား ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Jang Hoon က ရရှိမှာပါ။ ‘Korea’s Rookie Director Award’  ဆုကိုတော့ ‘The Outlaws’ ဆိုတဲ့ ဇာတ်ကားနဲ့ Kang Yoon Sung  ကရရှိခဲ့ပါတယ်။
အဆိုတော်ဆု  ‘Korea’s Top Singer Award’  ကိုတော့ Wanna One  နဲ့ Baek Ji Young တို့က လက်ခံကြမှာပါ။
ပရိသတ်တွေရဲ့ အချစ်တော် Running Man ရဲ့ အဖွဲ့သား လီကွမ်ဆူကတော့ ‘Korea’s Top Entertainer’ ဆုရှင်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။
from allkpop