Running Man  ကတော့ တောင်ကိုရီးယားရဲ့ နာမည်ကြီး reality show ပါ။ပြည်တွင်းမှာ တင်မဟုတ်ပဲ  အာရှတစ် ၀န်းမှာပါ ပရိသတ်အားပေးမှုအပြည့်အ၀ ရရှိထားတဲ့  Show ပါ။RM မှာ  နောက်ထပ် လူသစ်တွေ ထပ်ထည့်သွား မယ်လို့ SBS ကကြေညာခဲ့ပါတယ်။လူသစ်တွေကိုတော့ အမြဲတမ်းအဖွဲ့ဝင်တွေ အဖြစ် ထည့်သွင်းတာမျိုးမဟုတ်ပဲ   (4-Week Project)ရိုက်ကူးရေး (၄) ပတ်မှာ ထည့်သွင်းသွားမှာပါ။

မတ်လ(၁၂)ရက်နေ့က RM ဘက်ကနေ လာတဲ့ Source တစ်ခုကနေ  ဒီသတင်း ထွက်လာတာပါ။ ကာလရှည် ဧည့်သည်အဖြစ် ထည့်မယ့်သူတွေကတော့ Lee Da Hee ၊ Kang Han Na ၊ Lee Sang Yeob, နဲ့ Hong Jin Young  တို့ပါ။သူတို့တွေဟာ ရိုက်ကူးရေးတွေတောင် လုပ်နေပြီလို့ သိရပါတယ်။ဧည့်သည်(၄)ယောက်ကို  (၄)ပတ်ကြာ ရိုက်ကူးရေးတွေမှာ ပါဝင်သွားမှာပါ။သူတို့ပါဝင်တဲ့ အပိုင်းတွေကို ဘယ်တော့ ထုတ်လွှင့်မလဲ ဆိုတာကိုတော့ မဆုံးဖြတ်ရသေးပါဘူး။Lee Da Hee နဲ့ Hong Jin Young တို့ဟာ RM မှာ ကာလရှည်ဧည့်သည် တွေ အဖြစ် ပါဝင်သွားမယ်လို့   သတင်းတွေ ထွက်ခဲ့ဖူးပါတယ်။

ဧည့်သည် (၄)ယောက်လုံးကတော့ RM ကြည့်ရှုတဲ့ ပရိသတ်တွေကို သူတို့ တက်စွမ်းသမျှကြိုးစားပြီး ဟာဒယ ရွှင်ဆေး တွေ တိုက်ကျွေးသွားမှာပါ။ Lee Da Hee ကတော့ ဖေဖော်ဝါရီတုန်းက RM မှာ ဧည့်သည် အဖြစ် ပါဝင် ပေးခဲ့စဉ် က လီကွမ်ဆို နဲ့အတူအတွဲညီညီ တွဲဖက်ခဲ့မှုအပေါ် ပရိသတ်တွေက အတော်လေး နှစ်သက်သဘောကျခဲ့ပါတယ်။Lee Sang Yeob ကလည်း မတ်(၁၁) တုန်းက အပိုင်းမှာ ပရိသတ်တွေက အတော်လေးသဘောကျ နှစ်သက်ခဲ့ပါတယ်။ လူသစ်နှစ်ယောက် ထပ် ထည့်၊အခုဆိုရင် ကာလတိုဧည့်သည်တွေပါ ထပ်ထည့်တဲ့ ပြောင်းလဲမှုတွေ လုပ်ပေမယ့်လည်း အရင် ဂယ်ရီပါဝင်ခဲ့စဉ်က RM အဖွဲ့ကိုပဲ ပိုနှစ်သက်သူတွေ များတာကို တွေ့ရပါတယ်။

Source soompi