လက်ရှိမှာ ထုတ်လွှင့်နေဆဲ ဇာတ်လမ်း တစ်ခု ဖြစ်တဲ့ 18 Again ဇာတ်လမ်းတွဲမှာ ပါဝင်ထားတဲ့ Lee Dohyun ကတော့ လက်ရှိမှာ ပရိသတ်တွေရဲ့ နှစ်သက်မှုကို အပြည့်အဝ ရရှိထားပါတယ်။

ဆယ်ကျော်သက်မှာ အိမ်ထောင်သည်ဘဝကို လက်ခံခဲ့တဲ့ အသက် ၃၇ နှစ်အရွယ် အမျိုးသား တစ်ယောက် သဘာဝလွန် အခြေအနေကြောင့် ဆယ်ကျော်သက်အရွယ်ပုံစံကို ပြောင်းသွားတဲ့အခါ ဘယ်လိုမျိုး ရင်ဆိုင်မလဲဆိုတာကို ရိုက်ကူးထားတာ ဖြစ်ပြီး Lee Dohyun ကတော့ ဆယ်ကျော်သက်တစ်ယောက်ပုံစံနဲ့ ၃၇ ခုနှစ်အရွယ် အဖေတစ်ယောက် ပုံစံကို သရုပ်ဆောင်ထားရပါတယ်။

 

 

View this post on Instagram

 

A post shared by 이도현 (@ldh_sky) on

ဇာတ်လမ်းမှာ ပါဝင်ထားတဲ့ ဇာတ်ဆောင်အရ သူက ကြင်နာတတ်တဲ့ တာဝန်ယူစိတ် ရှိတတ်ပေမယ့် ဇနီး ဖြစ်သူနဲ့ သားသမီးတွေရဲ့ နားလည်မှု အလွဲခံနေရတဲ့ ကောင်လေးပုံစံကို အကောင်းဆုံး သရုပ်ဆောင်ထားပါတယ်။ လူငယ်တစ်ယောက်က ဖခင်တစ်ယောက်ကဲ့သို့ သရုပ်ဆောင်ရတာက ခက်ခဲတဲ့ အလုပ်ဆိုပေမယ့် သူကတော့ အကောင်းဆုံး ကြိုးစားပြီး ပရိသတ်တွေရဲ့ အချစ်ကို ရရှိခဲ့ပါတယ်။

 

 

View this post on Instagram

 

A post shared by 이도현 (@ldh_sky) on

အခုလို နာမည်ကြီးလာတဲ့နောက်မှာ အတိတ်က သူ့ရဲ့ ဓာတ်ပုံတစ်ပုံက ပရိသတ်တွေကြားကို ပြန့်နှံ့နေခဲ့တယ်လို့ kstarlive ကနေ ရေးသားထားခဲ့ပါတယ်။ ဒီဓာတ်ပုံကတော့ သရုပ်ဆောင် Min Dohee နဲ့ အတူ ရိုက်ကူးထားတဲ့ selfie ပုံ တစ်ပုံ ဖြစ်ပါတယ်။

 

 

View this post on Instagram

 

A post shared by @we_stan_leedohyun on

၂၀၁၈ တုန်းက ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတစ်ပုံ ဖြစ်ပြီး သူတို့နှစ်ယောက် “Clean with Passion for Now” ဇာတ်လမ်းတွဲ အတူ ရိုက်ကူးခဲ့တုန်းက ပုံ ဖြစ်ပါတယ်။ သရုပ်ဆောင် Min Dohee ကနေ သူ့ရဲ့ IG မှာ ဒီပုံလေးကို အမှတ်တရ တင်ထားခဲ့တာ ဖြစ်ပါတယ်။

 

 

View this post on Instagram

 

크리스마스엔 #일뜨청 이죠❤️💚

A post shared by 민도희 (@mdh0925_) on

ဓာတ်ပုံထဲမှာ Min Dohee ရဲ့ခေါင်းပေါ်ကို Lee Dohyun တစ်ယောက် လက်တင်ထားတဲ့ ပုံစံက မိန်းကလေး ပရိသတ်တွေကို ရင်ခုန်စေခဲ့ပါတယ်။ ကြင်နာတတ်တဲ့ ကောင်လေး ပုံစံမျိုးကို မိန်းကလေးတွေက ချစ်သူ အဖြစ်ရော၊ သူငယ်ချင်း အဖြစ်ပါ သဘောကျတတ်တာမို့ ကောင်မလေးတွေက ငါ့မှာ ဘာလို့ ဒီလို သူငယ်ချင်းမျိုး မရှိရတာလဲ စတဲ့ မှတ်ချက်တွေပါ ပေးခဲ့ကြပါတယ်။

Kham