လက်ထပ်တယ်ဆိုတာဘ၀ရဲ့ ကြီးမားတဲ့ အချိုးအကွေ့တစ်ခုပါ။အသက်ငယ်ငယ်ရွယ်ရွယ်မှာပဲ စောစောစီးစီးလက်ထပ်ခဲ့ကြတဲ့ ကိုရီးယား အနုပညာ ရှင်တွေကို dramafever မှာဖော်ပြထားပါတယ်။ သူတို့ အနုပညာ အသိုင်းအ၀ိုင်းမှာတော့ များသောအားဖြင့် (၃၀) ကျော် လောက် တစ်ချို့ဆိုရင် (၄၀) နားနီး၊(၄၀)ကျော်လောက်မှ လက်ထပ်ကြတာများပါတယ်။(၃၀)မတိုင် ခင်မှာ အိမ်ထောင် ပြုခဲ့ကြ တဲ့ ဆယ်လီတွေကတော့….

1. Ahn Jae Hyun

Cinderella and Four Knights ဇာတ်ကားထဲက မင်းသား Ahn Jae Hyun ဟာ သူ့အသက် (၂၈)နှစ်မှာ Gu Hye Sun  နဲ့ လက်ထပ်ခဲ့တာပါ။သူတို့လက်ထပ်ခဲ့တာကနေ ရတဲ့ ငွေတွေကိုတော့ ကလေးဆေးရုံသို့ လှူဒါန်းခဲ့ပါတယ်။

2. Min Sun Ye

Wonder Girls အဖွဲ့ဝင်ဖြစ်ပြီး အဲ့ဒီအဖွဲ့ထဲမှာဆိုရင်တော့ ပထမဆုံး မင်္ဂလာဆောင်ခဲ့ သူပါ။အသက်(၂၃)မှာပဲ လက်ထပ်ခဲ့ပြီး (၂၀၁၃)မှာတော့ ပထမဆုံး ကလေးရခဲ့ပါတယ်။ခုဆို ရင်တော့ သမီးလေး(၂)ယောက်ရဲ့ အမေဖြစ်နေသူပါ။

3. Shin Dongho

U-KISS ဆိုတဲ့ boy group ထဲက အဆိုတော်ပါ။သူလက်ထပ်တဲ့ အချိန်မှာ အသက်က (၂၁) နှစ်ပဲ ရှိပါသေးတယ်။သူ့ချစ်သူနဲ့ (၂၀၁၅) နိုဝင်ဘာမှာ လက်ထပ်ခဲ့ပြီး အခုဆိုရင်တော့ သားလေး တစ်ယောက်တောင် ရနေပါပြီ။

4. Ricky Kim

မော်ဒယ်ပါ။မင်းသမီး Ryu Seung Joo နဲ့ (၂၀၀၇)မှာ ဆုံခဲ့ပြီး (၂၀၀၉)မှာ  လက်ထပ်ခဲ့ပါတယ်။ အသက် (၂၇)မှာ လက်ထပ်ခဲ့တာပါ။အခုဆိုရင် ကလေး(၃)ယောက်တောင်ရနေပါပြီ။

5. Park Soo Jin

မင်းသားဘေယောင်ဂျွန်းရဲ့ ဇနီးပါ။လအနည်းငယ်လောက်တွဲပြီးတော့ သူမ အသက် (၂၉)မှာ ပဲ လက်ထပ်ခဲ့တာပါ။(၂၀၁၅)ဇူလိုင်လက လက်ထပ်ခဲ့ပြီး (၂၀၁၆) အောက်တိုဘာမှာတော့ သားလေး တစ်ယောက်ရခဲ့ပါတယ်။

6. Son Tae Young

မင်းသမီး Son Tae Young ကတော့ သူမရဲ့ ချစ်သူမင်းသား Kwon Sang Woo ကိုယ်ဝန်ရပြီးနောက် (၂၀၀၈)မှာပဲ လက်ထပ်ခဲ့တာပါ။လက် ထပ်တုန်းက သူမအသက်ဟာ (၂၈)ပါ။လက်ထပ်ပြီး သိပ်မကြာခင်မှာပဲ ရင်သွေးလေးကို မွေးဖွားခဲ့ ပါတယ်။အခုဆိုရင် သားတစ်ယောက် သမီးတစ်ယောက် ရထားပါတယ်။

7. Jung Suk Won

အဆိုတော်မလေး Baek Ji Young နဲ့ သုံးနှစ်လောက် တွဲခဲ့ပြီးနောက်မှာတော့ လက်ထပ် ခဲ့တာပါ။လက်ထပ်တုန်းက မင်းသား Jung Suk Won ရဲ့ အသက်ဟာ (၂၈) နှစ်ပါ။အခုဆို ရင်တော့ သမီးလေးတစ်ယောက်တောင်ရနေပါပြီ။

8. Soyul

အဆိုတော် Soyul ကတော့ သူမရဲ့ ချစ်သူ အဆိုတော် တေးရေး Moon Hee Joon နဲ့ လက်ထပ်ခဲ့တာပါ။သူမအသက် (၂၅)နှစ်မှာတော့ သမီးလေးတစ်ယောက်ရဲ့ မိခင် ဖြစ်လာခဲ့ပါတယ်။

9. PSY

“Gangnam Style” Psy ဟာ သူ့ရဲ့ချစ်သူကောင်မလေးနဲ့ လေးနှစ်လောက် တွဲလာပြီးနောက် လက်ထပ်ခဲ့တာပါ။လက်ထပ်တုန်းကသူ့ အသက်ဟာ (၂၈)ဖြစ်ပြီး အောက်တိုဘာ (၂၀၀၆) မှာ လက်ထပ်ခဲ့တာပါ။

10. Kim Hyo Jin

မင်းသမီး Kim Hyo Jin ကတော့ သူမရဲ့ သူငယ်ချင်း မင်းသား Yoo Ji Tae နဲ့ သုံးနှစ်လောက် တွဲလာပြီးနောက် လက်ထပ်ခဲ့တာပါ။သူတို့နှစ်ယောက် ချစ်သူဖြစ်တာကတော့ (၂၀၀၆) ပါ။ငါးနှစ် အကြာမှာတော့ လက်ထပ်ခဲ့ပါတယ်။သူမအသက် (၂၇)မှာ လက်ထပ်ခဲ့တာပါ။ပထမဆုံး သားလေးကိုတော့ (၂၀၁၄)မှာရခဲ့ပါတယ်။

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။