အဆိုတော် BoA နဲ့ သရုပ်ဆောင်မင်းသား Joo Won တို့ဟာဆိုရင်တော့ သူတို့ရဲ့ ရည်းစားသက်တမ်း တစ်နှစ်အကြာမှာ လမ်းခွဲလိုက်ကြပြီဖြစ်ပါတယ်။

ဒါပေမဲ့ သူတို့ရဲ့ အေဂျင်စီတွေကတော့ ဒီသတင်းနဲ့ပတ်သက်ပြီး သေသေချာချာ ဖြေရှင်းပေးခြင်း မရှိသေးပါဘူး။

BoA နဲ့ Joo Won တို့ဟာ၂၀၁၆ ခုနှစ်ကတည်းက ရည်းစားတွေဖြစ်ခဲ့ကြပြီး ၂၀၁၇ ဇန်န၀ါရီလလယ်လောက်မှာ သူတို့ ရည်းစားတွေဖြစ်နေပြီဆိုတဲ့အကြောင်းကို ပရိသတ်ကို အသိပေးခဲ့တာ ဖြစ်ပါတယ်။ သူတို့ နှစ်ယောက်ဟာ ၀ါသနာတူ၊ အကြိုက်တူတဲ့ လိုက်ဖက်တဲ့စုံတွဲလည်း ဖြစ်ခဲ့ပါတယ်။

လောလောလတ်လတ်မှာတော့ Joo Won ဟာ စစ်မှုထမ်းနေတာ ဖြစ်ပါတယ်။

Source-Koreaboo

Celenow Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။