Choi Min Soo လို့ခေါ်တဲ့ ကလေးအဖေတစ်ယောက်ဟာဆိုရင်တော့ ကိုရီးယားအဆိုတော်အဖွဲ့ထဲက ကောင်လေးတွေလိုမျိုးချောတယ်ဆိုပြီးတော့ နာမည်ကြီးနေပါတယ်။

သူ့ရဲ့ စမတ်ကျပြီး ဆွဲမက်ဖွယ်ကောင်းတဲ့ ဓါတ်ပုံတွေကြောင့် Choi Min Soo ဟာ Instagram မှာ follower ၁ သိန်း ၄ သောင်းကျေ်တောင်ရှိပါတယ်။

တကယ်တော့ Choi Min Soo နဲ့ သူ့ရဲ့ဇနီးတို့ဟာ မော်ဒယ်တွေဖြစ်ကြပါတယ်။

Min Soo ဟာ Sugar Bowl ဆိုတဲ့ အဆိုတော်အဖွဲရဲ့ သီချင်း ဗွီဒီယို မှာလည်းပါဝင်ခဲ့ပါသေးတယ်။

Min Soo ဟာ မော်ဒယ်တစ်ယောက်ဖြစ်ပေမဲ့လည်း သူ့ကိုယ်သူတော့ အဖေတစ်ယောက်အနေနဲ့ပဲ Instagram မှာ ပုံတွေတင်လေ့ရှိပါတယ်။ သူ့ရဲ့ မိသားစုဓါတ်ပုံကိုလည်း Instagram မှာ မကြာခဏတင်လေ့ရှိပါတယ်။

Min Soo ကိုတော့ Idol တွေလို စင်ပေါ်မှာမမြင်ရပေမဲ့လဲ သူ့ရဲ့ Instagram ကို followလုပ်ပြီးတော့ ချစ်စရာကောင်းတဲ့ ဓါတ်ပုံတွေကို တ၀ကြီးကြည့်လို့ရပါတယ်။ Min Soo ရဲ့ Instagram အကောင့်ကတော့ @choiminsooo ဖြစ်ပါတယ်။

Source: koreaboo

Celenow Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။