ဆံပင်ကောက်နဲ့ လိုက်တဲ့ ယောက်ျားလေး က ရှားပါတယ်။အဲ့ဒီလို ရှားရှားပါးပါးတွေထဲကမှ ဆံပင်အကောင်နဲ့ အရမ်းကို လိုက်တဲ့ ကိုရီးယားအမျိုးသားဆယ်လီတွေကို ဖော်ပြပေးချင်ပါတယ်။

(၁)လီမင်ဟို

Image from pinterest

ဆံပင်အကောက်နဲ့ လိုက်တဲ့ အမျိုးသားအနုပညာရှင်ဆိုတာနဲ့ တော်တော်များများရဲ့ စိတ်ထဲမှာ အရင်ပြေးမြင်လိုက်တဲ့ သူကတော့ လီမင်ဟိုပဲဖြစ်မှာပါ။F4 ဇာတ်ကားထဲက ဆံပင်ကောက်နဲ့ လီမင်ဟိုရဲ့ ပုံစံကို ကောင်မလေး တော်တော် များများက ကြွေခဲ့ကြပါတယ်။ဇာတ်ကားနောက်ပိုင်းမှာ Hair Style သစ်ချိန်းခဲ့ပေမယ့် အရင် အကောက် ပုံစံ လေးက သူနဲ့ ပိုလိုက်ဖက်မှုရှိပါတယ်။

Image from pinterest

(၂)Won Bin

Image Source: Mydaily via Nate

ထယ်စောက်ဆိုတဲ့ ဇာတ်ကောင်နဲ့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းတွေကို ခိုးယူသွားခဲ့သူကြီးပါ။Won Bin က အသက် (၄၁)နှစ်ရှိနေပါပြီ။ငယ်ငယ်တုန်းကတော့ ဆံပင်စတိုင်ကို Gentleman ပုံစံ ထားခဲ့ပေမယ့် အသက်ကြီး လာတော့ မှ လူငယ်စတိုင် ဆံပင်အကောက်ပုံစံလေး ထားဖြစ်တာကိုတွေ့ရပါတယ်။တကယ်လည်း သူနဲ့ အရမ်း လိုက် ပါတယ်။ဘုရားစူး (၄၁)နှစ်လို့ ပြောရလောက်အောင်ကို နုပျိုတာကို တွေ့ရပါတယ်။

(၃)ဆောင်ဂျွန်ကီ

Image Source:Elle

Song Joong-ki ကတော့ အရင်တည်းက Cute ပုံစံ မျက်နှာကို ပိုင်ဆိုင်ထားသူပါ။Sweet ဖြစ်တဲ့ သူ့ရဲ့ အပြုံးနဲ့ မျက်လုံးလေးတွေကြောင့် ဘယ်လို Hair Style ပဲ ထားထားလိုက်ဖက်ပါတယ်။Arthdal Chronicles ဇာတ်ကားထဲက သူ့ရဲ့ ဆံပင်ပုံစံနဲ့ သူနဲ့ တော်တော်လေးလိုက်ဖက်ပါတယ်။ပိုပြီးတော့တောင် နုပျိုသွားစေတာကို တွေ့ရပါတယ်။ဆံပင်ကို ခပ်ဖွဖွ၊လှိုင်းတွန့် အကောက်ပုံစံလေးက သူနဲ့ တော်တော်လေးကို လိုက်ပါတယ်။

Image Source: tvN

(၄) Chanyeol

ဆံပင်ကို ဘယ်လို အရောင်တွေပဲ ဆိုးဆိုး၊ဘယ်လိုပုံစံပဲ ထားထား လိုက်လွန်းတဲ့ ဂြိုလ်သား လေးလို့ တောင် ပြောလို့ ရပါတယ်။ဆံပင်ကို ကောက်ကောက်ကွေးကွေးလေးတွေ လုပ်ပြန်တော့လည်း အရမ်းကို မိုက်တဲ့ Chaneyol လေးပါ။

(၅)Park Bo-gum

Image Source: tvN

ဘယ်လို Hair Style နဲ့ မဆို လိုက်တဲ့ နောက်ထပ် တစ်ယောက်ကတော့ Park Bo-gum ပါ။ Gentleman စတိုင်မျိုးနဲ့ လည်းလိုက်သလို လူငယ်စတိုင် ပေါ့ပေါ့ပါးပါးပုံစံ နဲ့လည်း အရမ်းကို လိုက်ပါတယ်။ Encounter  ဇာတ်ကားထဲက Wave လေးတွေနဲ့ ခပ်မိုက်မိုက် စတိုင်လေးကလည်း သူနဲ့ တော်တော်လေးကို လိုက်ပါတယ်။ ဇာတ်ကား ရှေ့ပိုင်းက သူ့ရဲ့ Hair Style နဲ့ ပိုက်လိုက်ဖက်ပါတယ်။

(၆)BTS’ V 

Image Source: Dispatch

နောက်ထပ်ဘယ်လို Hair Style ၊ဘယ်လို ကာလာမျိုးနဲ့ မဆို လိုက်တဲ့ သူကတော့ BTS အဖွဲ့ဝင် V ပါ။ကာလာ အဆန်းလေးနဲ့ Wave ပါတဲ့ Hair Style ကတော့သူနဲ့ အလိုက်ဖက်ဆုံးပါ။

(၇)Jaehyun

Image Source : pinterest

နောက်တစ်ယောက်ကတော့ Jaehyun ပါ။NCT127 ဆိုတဲ့ Boy Group ရဲ့ အဖွဲ့ ၀င်တစ်ယောက်ပါ။ဆံပင် ကောက် နဲ့ ကြည့်ကောင်းတဲ့ ရှားရှားပါးပါး အမျိုးသားတွေထဲမှာ သူလည်း တစ်ယောက် အပါအ၀င်ပါ။

Image Source : pinterest

#CELENOW