ကိုရီးယားဆယ်လီတွေကြားမှာ အကြောင်းအမျိုးမျိုးကြောင့် ပလတ်စတစ်ဆာဂျရီလုပ်ထားတဲ့ သူတွေရှိပါတယ်။ လုပ်ရ တဲ့ အကြောင်းအရင်းတွေကတော့ တစ်ယောက်နဲ့ တစ်ယောက် မတူပါဘူး။ တစ်ချို့ ကတော့ ကိုယ်တိုင်က မလုပ်ချင်ေ ပမယ့် အေဂျင်စီဘက်ကနေ တောင်းဆို တိုက်တွန်းလို့ လုပ်ရတာမျိုးတွေ လည်းရှိသလို ကို်ယ်တိုင် ပိုကြည့်ကောင်း ချင် လို့ လုပ်ကြတဲ့ သူတွေလည်းရှိပါတယ်။ ဒီအကြောင်းကိုတော့ kpopline မှာ ဖော်ပြထားတာပါ။ ဆာဂျရီလုပ်ထားတ ယ်လို့ အမှန်အတိုင်းဝန်ခံထားကြတဲ့ သူတွေကတော့….

 

#Jessi

Image : kpopline/Jessi’s IG

သူမက မလုပ်ချင်ပေမယ့်လည်း ကုမ္ပဏီရဲ့ အကြံပြုချက်ကြောင့် နှာခေါင်းနဲ့ မျက်ရစ် ပြုပြင်မှု လုပ်ခဲ့ရပါတယ်။ ရင်သား ကတော့ သူမကိုယ်တိုင်လည်း လုပ်ချင်ခဲ့ပုံရပါတယ်။ ရင်သားပြုပြင်ပြီးနောက် ကိုယ့်ကိုယ်ကို ပိုယုံကြည်မှုရှိလာတယ်လို့ ပြောခဲ့ပါတယ်။

#Kyuhyun (Super Junior)

Image : kpopline

မျက်ရစ်ပြင်ထားတယ်လို့ ထုတ်ပြောခဲ့ပါတယ်။

#Kwanghee

Image : kpopline

Idol တွေထဲမှာတော့ အပွင့်လင်းဆုံးပါ။ မျက်လုံး၊နှာဖူး၊မေးစေ့ အကုန်ပြင်ထားတယ်လို့ ပွင့်ပွင့်လင်းလင်း ထုတ်ပြော ခဲ့ပါတယ်။

#Goo Ara

Image : kpopline

မျက်ရစ်နဲ့ နှာခေါင်းပြင်ထားတယ်လို့ ၀န်ခံခဲ့ပါတယ်။

#Chaeyeon (DIA)

Image : kpopline

မျက်ရစ်ဖော်ထားလားလို့ မေးခွန်းထုတ်ခံခဲ့ရဖူးပါတယ်။ ဒါပေမယ့် သူမကတော့ ပြုပြင်ခဲ့တာက နှာခေါင်းတစ်ခုတည်း ဖြစ်ပြီး၊မျက်ရစ်ကတော့ အလယ်တန်းကျောင်းသူလောက်မှာ သူ့ဟာနဲ့သူ ပေါ်လာတာလို့ ပြောခဲ့ပါတယ်။

#Minzy

Image : kpopline

နှာခေါင်းပြင်ထားပါတယ်။

#Heechul (Super Junior)

Image : kpopline

မျက်ရစ်နဲ့ နှာခေါင်းခွဲစိတ်ထားတယ်လို့ ၀န်ခံခဲ့ပါတယ်။ နှာခေါင်းကတော့ အက်စီးဒင့်တစ်ခုကြောင့်ထိခိုက် ခဲ့ရလို့ ခွဲ စိတ်ခဲ့ရတာလို့ ပြောခဲ့ပါတယ်။

 

#Hyomin

Image : Nicki Swift

သူမကိုယ်တိုင်လည်း ဆာဂျရီလုပ်ထားကြောင်းဝန်ခံခဲ့ပေမယ့် တခြားသူတွေကို အလှအပနဲ့ ပတ်သက်ပြီး အရမ်းလောဘ မကြီးဖို့ အကြံပြုခဲ့ပါတယ်။

#Lee Da -Hee

Image;aboutkoreancountry.

အရင်မျက်နှာက လေးထောင့်ပုံစံမျက်နှာ၊မျက်ရစ်နည်းနည်းလေးပဲရှိတာကို လုံးဝ ပြောင်းလဲ ပစ်လိုက်တာပါ။ ဆာဂျရီ လုပ် ရတဲ့ အကျိုးကို မေးတဲ့ အခါမှာတော့ အရမ်းကို ပြောင်းလဲသွားတာပေါ့လို့ ပြောခဲ့ပါတယ်။ မေးရိုး၊မျက်ရစ်၊နှာခေါင်း ပြုပြင်မှုတွေ လုပ်ခဲ့တာပါ။

#Park Min Young

Image:IG/Park Min Young

မျက်ရစ်နဲ့ နှာခေါင်းပြုပြင်မှုတွေ လုပ်ထားတယ်လို့ ကိုယ်တိုင်ဖွင့်ပြောခဲ့တာပါ။ မျက်ရစ်ကိုတော့ ဂျူနီယာ အထက်တန်း ကျောင်းသူဘ၀တည်းက ပြင်ခဲ့တာပါ။

Image : kpopline

#CELENOW