Han Ye-seul ကတော့ ချောမောလှပတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေးပါ။ ရုပ်ရည်ရော ခန္ဓာကိုယ် အလှပါ ပြည့်စုံတဲ့ သူမရဲ့ အသက်ကတော့ (၃၇)နှစ်ပါ။ အမေရိကန်မှာ မွေးတဲ့ တောင်ကိုရီးယား မင်းသမီးလေး ဖြစ်ပြီး Couple or Trouble (2006), Tazza (2008), ၊ Birth of a Beauty (2014) ၊ Miss Gold Digger (2007) ၊Penny Pinchers (2011) ဇာတ်ကားတို့နဲ့ ပရိသတ်တွေကြား နာမည်ရအောင်မြင်ခဲ့သူပါ။ Han Ye-seul ကတော့ ခွေးသားနဲ့ ကြောင်သားကို စားသုံးခြင်းမပြုကြဖို့ မေတ္တာရပ်ခံ တောင်းဆိုလိုက်ပါတယ်။

pinterest
pinterest

ဒီအကြောင်းကို သူမရဲ့ Instagram မှာ ပြီးခဲ့တဲ့ အင်္ဂါနေ့က တင်ထားခဲ့တာပါ။ သမ္မတရုံး ၀က်ဘ်ဆိုက် Cheong Wa Dae မှာ အသနားခံတောင်းဆိုထားတဲ့ စာကို Screenshot ရိုက်ပြီး Instagram ပေါ်ကို တင်လိုက်တာပါ။ အဆိုပါ တောင်းဆိုမှုကိုတော့ ဇွန်(၁၇)မှာ တည်းက တိရစ္ဆာန်ကာကွယ်ရေးအဖွဲ့က တင်ခဲ့တာဖြစ်ပြီး လူအယောက် တစ်သိန်းက ထောက်ခံခဲ့ပါတယ်။ တောင်းဆိုထားတဲ့ စာမှာတော့ ခွေးကို လူတွေက ခြံမွေး တိရစ္ဆာန်ဆိုတာမျိုးထက် မိတ်ဆွေ အပေါင်းအဖော်တစ်ယောက်လို သတ်မှတ် မွေးမြူလာကြတယ်လို့ အသနားခံ တောင်းဆိုတဲ့ စာထဲမှာ ဖော်ပြထားပါတယ်။

တကယ်လို့များ ဒီအသနားခံတောင်းဆိုချက်သာ အောင်မြင်ခဲ့ရင်တော့ ခွေးကို အသားပေါ်ပြီး ရောင်းချတာ(ခွေးသား) ကို တားမြစ်သွားမယ်လို့ သိရပါတယ်။ သမ္မတရုံးရဲ့ ၀က်ဘ်ဆိုက်ပေါ်မှာ အသနားခံလွှာတင်ပြီး အဲ့ဒီ တင်ထားတဲ့ စာကို လူအယောက် (၂)သိန်းကျော်က ရက်ပေါင်း(၃၀) အတွင်း လက်မှတ်ရေးထိုးပြီး သဘောတူ ထောက်ခံပေးရင် သမ္မတရုံးက ဒီကိစ္စကို ပါဝင်ဖြေရှင်းပေးတယ်လို့ သိရပါတယ်။

Source koreatimes