1. Lee Kwang Soo

Running Man ရဲ့ အပိုင်းတစ်ခုမှာ Kwang Soo ဟာ သူရဲ့ အချစ်ဦး Song Hye Jin နဲ့ ၂၅နှစ်ကြာမှ ပြန်လည်တွေ့ဆုံခဲ့ရပါတယ်။ “Kwang Soo ငယ်ငယ်က အရမ်းစကားနည်းသူတစ်ယောက်ပါ။ ငယ်ငယ်က သူ့ကို အနိုင်ကျင့်တဲ့ ကလေးတွေနဲ့ ရန်ဖြစ်ပေးခဲ့ရတယ်” လို့ Song Hye Jin ကပြောပြခဲ့ပါတယ်။

2. Jung Dong Ha

အဆိုတော် Jung Dong Ha ကတော့ သူ့ရဲ့ အချစ်ဦးကို ကောလိပ်မှာ စတွေ့ခဲ့တာဖြစ်ပါတယ်။ ရည်းစားသက်တမ်း(၈)နှစ်ကြာမှာတော့ ၂၀၁၄ ခုနှစ်မှာ သူရဲ့ရည်းစားနဲ့ လက်ထပ်ခဲ့ပါတယ်။

3.  Cha Tae Hyun

Cha Tae Hyun ဟာလည်း သူ့ရဲ့ အချစ်ဦးနဲ့ လက်ထပ်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပါ။ ချစ်သူသက်တမ်း(၁၃)နှစ်အကြာမှာတော့ လက်ထပ်ခဲ့ကြပါတယ်။ “သူ့ကို မတွေ့ခင်က မြင်မြင်ချင်းအချစ်ဆိုတာကို မယုံကြည်ခဲ့ဘူး။ သူ့ကိုတွေပြီးနောက်မှာတော့ ဒါဟာ ရေစက်တစ်ခုဆိုတာ ယုံကြည်ခဲ့တယ်”လို့ Cha Tae Hyun က ပြောခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ အထက်တန်းပြီးတဲ့အချိန်မှာလည်း လမ်းခွဲခဲ့ကြသေးပါတယ်တဲ့။ ဒါပေမဲ့ Cha Tae Hyun ရဲ့ ကြိုးစားမှုကြောင့် ချစ်သူတွေ ပြန်ဖြစ်ခဲ့ကြပါတယ်။

4. Lee Hwi Jae

“The Return of Superman”က အမွှာနှစ်ယောက်ရဲ့ အဖေ Lee Hwi Jae ရဲ့ အချစ်ဦးကတော့ ၁၉၉၀ လောက်က ခေတ်စားခဲ့တဲ့ အဆိုတော်၊ မင်းသမီး Im Sang A ဖြစ်ပါတယ်။ “အထက်တန်းတုန်းက အကကို မေဂျာယူထားတဲ့ ကောင်မလေးတွေရယ်၊ Im Sang Aရယ်ကို ဂန်နမ်ဘူတာရုံမှာတွေ့ခဲ့ပါတယ်။ ကိုယ့်ကိုတောင်မသိပဲ သူ့ကို သဘောကျမိသွားခဲ့ပါတယ်။ သူ့ကို ကျွန်တော်နဲ့ ဒိတ်လုပ်ဖို့ပြောခဲ့ပေမဲ့ သူက တက္ကသိုလ်တက်ဖို့ စာကိုပဲအာရုံစိုက်လုပ်မှာ ဖြစ်လို့ သူငယ်ချင်းအဖြစ်ပဲ နေကြဖို့ပြောခဲ့တယ်” လို့ Lee Hwi Jaeကပြောခဲ့ပါတယ်။ Im Sang A ဟာ ရည်းစားလုံးဝမထားခဲ့ဘဲ စာပဲကြိုးစားပြီး တက္ကသိုလ်တက်ခဲ့တယ်လို့လည်း Lee Hwi Jaeကပြောပြခဲ့ပါတယ်။

5. Joo Won

Joo Won ကတော့ သူ့ရဲ့ အချစ်ဦးနဲ့ အထက်တန်းအရွယ်မှာ တွေ့ခဲ့တာဖြစ်ပါတယ်။ တွေ့တော့ မတွေ့ဖြစ်ကြပေမဲ့ အခုထိတော့ ရင်းရင်းနှီးနှီးရှိခင်မင်နေတုန်းပဲလို့ Joo Wonကပြောာပြခဲ့ပါတယ်။

6. Jo Jung Suk

သူကလည်း အချစ်ဦးနဲ့ ကောလိပ်မှာ တွေ့ခဲ့တာဖြစ်ပါတယ်။ ရည်းစားသက်တမ်း (၃)နှစ်ကြာခဲ့ပြီး အချစ်ဦးကြောင့် အများကြီးငိုခဲ့ရတယ်လို့ Jo Jung Suk ကပြောခဲ့ပါတယ်။

7. EXO’s D.O

EXO အဖွဲ့ဝင်D.Oကတော့ သူ့ရဲ့ အချစ်ဦးက Pure Love ရုပ်ရှင်ရိုက်တဲ့ အချိန်မှာ အများကြီး အထောက်အကူဖြစ်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ သူရဲ့ အချစ်ဦး ဇာတ်လမ်းဟာ ရုပ်ရှင်ကားထဲကလိုတော့ ပျော်ရွှင်စရာမကောင်းခဲ့ပါဘူးလို့ EXO အဖွဲ့ဝင် D.O ကပြောပြခဲ့ပါတယ်။

Source: Dramafever