SBS ရုပ်သံလိုင်းကနေ  ထုတ်လွှင့်ပြသနေတဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ “Law Of The Jungle” ကတော့ သူတို့ရဲ့ အပိုင်းသစ်ကို ရိုက်ကူးဖို့အတွက် ဇွန်လ ၉ ရက်နေ့မှာ မြန်မာနိုင်ငံကို ထွက်လာကြတော့မှာဖြစ်ပါတယ်။ ဒီတစ်ခေါက် အပိုင်းရဲ့ ပထမပိုင်းကိုတော့ “Law of the Jungle in Myanmar”  လို့ပေးထားပြီး ဒုတိယပိုင်းကတော့ “Law of the Jungle in Myeik” လို့ ပေးထားတာဖြစ်ပါတယ်။

sfgate
Yangon City Tour

ဒါကြောင့် မြိတ်ကျွန်းစုမှာသာမက မြန်မာနိုင်ငံရဲ့ အခြားနေရာတွေမှာလည်း ရိုက်ကူးရေးတွေ ပြုလုပ်ဖို့ရှိနေပုံလည်း ရပါတယ်။ ရိုက်ကူးရေးမှာတော့ “hot bodies” နဲ့ “scene stealers” ဆိုပြီး အဖွဲ့နှစ်ဖွဲ့ခွဲထားရာ “hot bodies” အဖွဲ့မှာတော့ Sean, UFC fighter Kim Dong Hyun, volleyball ကစားသမား Moon Sung Min, No Woo Jin, KARD အဖွဲ့ဝင် BM, PENTAGON အဖွဲ့ဝင် HongSeok, Hong Soo Ah နဲ့ Nature အဖွဲ့ဝင် Saebom တို့ ပါဝင်မှာဖြစ်ပါတယ်။

SBS

“Scene Stealers” အဖွဲ့မှာတော့ Oh Dae Hwan, Park Jung Chul, Ahn Chang Hwan, Go Young Bin, Han Bo Reum , Astro အဖွဲ့ဝင် Sanha နဲ့  (G)IDLEအဖွဲ့ဝင်  Yuqi တို့ ပါဝင်မှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အနုပညာရှင်တွေအများကြီးလည်း မြန်မာနိုင်ငံကို ရိုက်ကူးရေးအတွက် လိုက်ပါလာကြမှာဖြစ်ပါတယ်။

soompi

မြန်မာနိုင်ငံမှာ ရိုက်ကူးမယ့် အပိုင်းကိုတော့ ဇူလိုင်လလယ်လောက်မှာ ထုတ်လွှင့်မှာဖြစ်ပါတယ်။ လူကြည့်နှုန်းများတဲ့ အစီအစဉ်တစ်ခုဖြစ်လို့ မြန်မာနိုင်ငံရဲ့ အလှအပတွေကို ထုတ်ဖေါ်ပြနိုင်မယ့် အခွင့်အရေးတစ်ခုလည်းဖြစ်ပါတယ်။

Source: Soompi