အဆိုတော် အစ္စဏီ ကတော့ မော်ဒယ်စူးရှထက်ကို မတရားနှိပ်စက် သားမယားအဖြစ် ပြုကျင့်တယ်ဆိုတဲ့ စွဲချက်နဲ့ တရား စွဲဆိုခံထားရပါတယ်။ တရားရင်ဆိုင်မှုတွေကိုတော့ ဆက်လက်လုပ်ဆောင်လျက်ရှိပြီး ရုံးချိန်းဆင့်ခေါ် စစ်ဆေးမှုတွေကို ပြု လုပ် နေပါတယ်။ ရုံးချိန်းဆင့်ခေါ်တိုင်း အစ္စဏီ၊ စူးရှထက်၊ တရားခံရှေ့နေ၊ တရားလို ရှေ့နေတို့ကို အင်တာဗျူး ထားတဲ့ ဗီဒိယို ဖိုင်တွေလဲ ထွက်ပေါ် လျက်ရှိပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကတော့ ဆေးစစ်ချက် ထွက်ပေါ် လာခဲ့ပြီး၊ဒီ ဆေးစစ် ချက် အဖြေနဲ့ပတ်သက်ပြီး အစ္စဏီရဲ့ အစ်ကို ၀မ်းကွဲ ဖြစ်သူ ကိုကျော်စွာက သူ့ရဲ့ fb မှာ တင်ခဲ့ပါသေးတယ်။

အခုလည်း ကိုကျော်စွာက ဇူလိုင်လ (၁)ရက်နေ့က သူ့ရဲ့ fb မှာ အသံဖိုင် တစ်ခု တင်ခဲ့ပါတယ်။

“၅ လပိုင်း ၃၀ရက်နေ့
ပထမဆုံး ဇာခြည်ဌေး တရားရုံးမလာခင် ၁ ရက်အလို (၁ရက်နေ့ ၆လ ရုံးချိန်း)
နေရာ-အစ္စဏီ့အိမ်

၁-အမှု့ပိတ်ပေးဖို့ တောင်းဆိုခဲ့ဘူးလားဆိုတာ
၂-ခြိမ်းခြောက်ခဲ့ဘူးလား
၃-တရားရုံးရှေ့လူတွေခေါ်ထားတယ်ဆိုတဲ့စကား
၎-ဘာကြောင့် သူအမေက အိမ်အထိလိုက်လာရတာလဲ
၅-ဘယ်သူတရားခံလဲ
၆-ရောဘတ်စန်းအောင် ဘယ်လိုလူစားလဲ
၇-ဇာခြည်ဌေးရဲ့စရိုက်အမှန်

ဆက်ရန်ရှိသေးသည်…” ဆိုပြီး တင်ထားတာပါ။

အခုနောက်ဆုံး ရုံးချိန်းမှာတော့ မီဒီယာတွေရဲ့ အင်တာဗျူးတွေမှာ ”ယုံကြည်ပေးတဲ့ ပရိသတ်ကြီးအားလုံးကို ကျေးဇူးတင်ပါတယ်..အချိန်တွေက စကားပြောသွား မှာပါ ” လို့ အစ္စဏီက ဖြေခဲ့ပါတယ်။စူးရှထက်ကတော့ “တရား ဥပဒေအတိုင်းပဲ ဆက်သွားမှာပါ…” လို့ ဖြေကြားခဲ့တာကိုတွေ့ရပါတယ်။

၅ လပိုင်း ၃၀ရက်နေ့ပထမဆုံး ဇာခြည်ဌေး တရားရုံးမလာခင် ၁ ရက်အလို (၁ရက်နေ့ ၆လ ရုံးချိန်း)နေရာ-အစ္စဏီ့အိမ်၁-အမှု့ပိတ်ပေးဖို့ တောင်းဆိုခဲ့ဘူးလားဆိုတာ၂-ခြိမ်းခြောက်ခဲ့ဘူးလား၃-တရားရုံးရှေ့လူတွေခေါ်ထားတယ်ဆိုတဲ့စကား၎-ဘာကြောင့် သူအမေက အိမ်အထိလိုက်လာရတာလဲ ၅-ဘယ်သူတရားခံလဲ၆-ရောဘတ်စန်းအောင် ဘယ်လိုလူစားလဲ၇-ဇာခြည်ဌေးရဲ့စရိုက်အမှန် ဆက်ရန်ရှိသေးသည်

Posted by Kyaw Swar on Saturday, 30 June 2018

from ကိုကျော်စွာ၊အစ္စဏီရဲ့ fb