Kim Yoo Jung ကတော့ “Clean With Passion for Now” ဇာတ်လမ်းတွဲမှာ သူမနဲ့အတူ တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ Song Jae Rimအတွက် တန်ဖိုးရှိတဲ့ လက်ဆောင်ကို ပို့ပေးခဲ့ပါတယ်။ Kim Yoo Jung ကတော့ Song Jae Rimရဲ့ “Let Me Hear Your Song,” ရိုက်ကွင်းကို ကော်ဖီကားပို့ပေးခဲ့တာဖြစ်ပါတယ်။

ဇူလိုင်လ ၁၅ ရက်နေ့မှာတော့ Song Jae Rimရဲ့ အေဂျင်စီဖြစ်တဲ့ Grand Anse Entertainment ကနေ “Kim Yoo Jung ဆီကနေ ပို့လိုက်တဲ့ ကော်ဖီကား”ဆိုတဲ့ စာနဲ့ ပုံတွေကို တင်ပေးခဲ့တာဖြစ်ပါတယ်။ Song Jae Rim ကလည်း သူ့ရဲ့ အင်စတာဂရမ်မှာ ‘Clean with Passion for Now’ထဲက ဒိုင်ယာလော့ဖြစ်တဲ့ “ကျေးဇူးတင်ပါတယ်။ အရင်တုန်းကလည်း ကျေးဇူးတင်ခဲ့တယ်။ အမြဲတမ်းကျေးဇူးတင်နေပါတယ်။ ပထမထပ် အိမ်ငှား Yoodaeng” လို့ရေးထားပြီး ဓါတ်ပုံတွေကို တင်ထားတာဖြစ်ပါတယ်။


Song Jae Rim ကတော့ KBS 2TVရဲ့ ဒရာမာ အသစ်ဖြစ်တဲ့ “Let Me Hear Your Song,” မှာပါဝင်သရုပ်ဆောင်နေတာဖြစ်ပါတယ်။

Source: Soompi