Kim Yoo Jung ကတော့ အသက်(၁၈)နှစ်ပဲရှိသေးတဲ့ ကိုရီးယားမင်းသမီးလေးပါ။ (၂၀၀၃)တည်းက အနုပညာလော ကထဲ ၀င်ရောက်လာခဲ့သူပါ။ ကလေးသရုပ်ဆောင်ဘ၀ကနေ အခုထိ ပရိသတ်အားပေးချစ်ခင်မှုကို ရရှိထားသူပါ။ ကျန်း မာရေး အခြေအနေကြောင့် အနုပညာအလုပ်တွေ ခဏနားထားတဲ့ Kim Yoo Jung ကတော့ လက်ရှိသူမရဲ့ ကျန်း မာရေး အခြေအနေကို ထုတ်ပြောခဲ့ပါတယ်။

မေလ(၂၁)ရက်နေ့က သူမရဲ့IG မှာ ပန်းစည်းဓါတ်ပုံတစ်ပုံကို တင်ပြီး လက်ရှိကျန်းမာရေးအခြေအနေကို ပြောပြခဲ့ ပါတယ်။ပြီးခဲ့တဲ့ ဖေဖော်ဝါရီတုန်းက thyroid (လည်မျိုရှေ့ပိုင်းမှာရှိတဲ့ သိုင်းရွိုက်အကျိတ်) ခွဲစိတ် မှု ခံယူ ရမယ့် အကြောင်းကို ကြေညာခဲ့ပါတယ်။ Hypothyroidism ဆိုတဲ့  thyroid gland ကနေ thyroid hormone လုံလောက်စွာထုတ်မပေးတဲ့ ရောဂါကို ခံစားခဲ့ရတာပါ။ လက်ရှိမှာတော့ သူမဟာ ခွဲစိတ်မှုအပြီး ပြန်ကောင်းလာဖို့ အနားယူနေပါတယ်။ “Clean with Passion for Now” (ယာယီပေးထားတဲ့နာမည်) ဇာတ်ကားမှာ သရုပ်ဆောင်ခဲ့ပြီး သူမရဲ့ ကျန်းမာရေးကြောင့် ရိုက်ကူးရေးတွေကို ယာယီရပ်ဆိုင်းခဲ့ရပါတယ်။ ဒီဇာတ်ကားကိုတော့ အစပိုင်းတုန်းက ဧပြီမှာလွှင့်ဖို့ စီစဉ်ထားခဲ့ပေမယ့် ထုတ်လွှင့်မယ့် အချိန်ကို ရွှေ့ဆိုင်းခဲ့ပါတယ်။

စာထဲမှာတော့ ပထမဆုံးအကြိမ် ပရိသတ်ကြီးကိုHello လို့ ပြောချင်ပါတယ်.. ဒီရက်ပိုင်းမှာကျမရဲ့ ကျန်းမာရေးအတွက် ကြိုးစားနေရပါတယ်..ကျမကို စောင့်ပေးတဲ့သူတွေ(ဇာတ်ကားရိုက်ကူးရေးအဖွဲ့သားတွေ) အားပေးတဲ့ သူတွေ ကို အမြဲ တမ်း ကျေးဇူးတင်နေပါတယ်.. ကျမရဲ့ ကျန်းမာရေးအခြေအနေကြောင့် စောင့်ဆိုင်းပေးတဲ့ ‘Clean with Passion for Now’ အဖွဲ့သားတွေကို တကယ်ပဲ ကျေးဇူးတင်ပါတယ်.. ‘Clean with Passion for Now,’ ဇာတ်ကား က တစ်ဆင့် ပိုကျန်းမာပြီး ပိုကောင်းတဲ့ ပုံစံနဲ့ Fan တွေနဲ့ တွေ့ဆုံသွားပါ့မယ်..” ဆိုပြီး ပြောခဲ့ပါတယ်။Coming of Age Day (ကိုရီးယားရဲ့ အများပြည်သူပိတ်ရက်) မှာ ပျော်ရွှင်ကြပါစေ..ကျမကို ဂုဏ်ပြုပေးတဲ့ သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်…” ဆိုပြီးပြောခဲ့ပါတယ်။ Coming of Age Day ကတော့ မေလရဲ့ တတိယပတ်မှာ ကျင်းပရတာပါ။ ဒီပွဲကတော့ အသက်(၂၀)ပြည့်သွားတဲ့ သူတွေကို ဂုဏ်ပြုပေးတဲ့ အနေနဲ့ ကျင်းပတာပါ။

Source soompi