Kim Yoo Jung ကတော့ အသက် (၁၈)နှစ်ပဲ ရှိသေးတဲ့ တောင်ကိုရီးယားမင်းသမီးချောလေးပါ။ Fila Korea’ ရဲ့ summer 2018 fashion collection အတွက် မင်းသမီး Kim Yoo Jung က ဓါတ်ပုံတွေ အများကြီးရိုက်ကူးပေးခဲ့ပါတယ်။ သူမကတော့  ‘Fila’ ရဲ့ ဘောင်းဘီတို၊ တီရှပ် နဲ့ တခြား အရာတွေကို ၀တ်ဆင်ပြီး ဓါတ်ပုံရိုက်ကူးခဲ့တာပါ။summer collection ဖြစ်တာကြောင့် တက်ကြွပြီး တောက်ပနေတဲ့ စတိုင်မျိုး ရိုက်ကူးပေးခဲ့ပါတယ်။

allkpop
allkpop
allkpop

Kim Yoo Jung ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီတုန်းက thyroid (လည်မျိုရှေ့ပိုင်းမှာရှိတဲ့ သိုင်း ရွိုက်အကျိတ်) ခွဲစိတ် မှု ခံယူ ရမယ့် အကြောင်းကို ကြေညာခဲ့ပါတယ်။ Hypothyroidism ဆိုတဲ့  thyroid gland ကနေ thyroid hormone လုံလောက်စွာထုတ်မပေးတဲ့ ရောဂါကို ခံစားခဲ့ရ တာပါ။ လက်ရှိမှာတော့ သူမဟာ ခွဲစိတ်မှုအပြီး ပြန်ကောင်းလာဖို့ အနားယူနေပါတယ်။ “Clean with Passion for Now” (ယာယီပေးထားတဲ့နာမည်) ဇာတ်ကားမှာ သရုပ်ဆောင်ခဲ့ပြီး သူမရဲ့ ကျန်းမာရေးကြောင့် ရိုက်ကူးရေးတွေကို ယာယီရပ်ဆိုင်းခဲ့ရပါတယ်။ ဒီဇာတ်ကားကိုတော့ အစပိုင်း တုန်းက ဧပြီမှာလွှင့်ဖို့ စီစဉ်ထားခဲ့ပေမယ့် ထုတ်လွှင့်မယ့် အချိန်ကို ရွှေ့ဆိုင်းခဲ့ပါတယ်။အခုဆိုရင်ေ တာ့ သူမရဲ့ ကျန်းမာရေးအခြေအနေဟာ ပြန်ကောင်းလာပြီး ဇာတ်ကားပြန်ရိုက်ကူးတော့မယ်လို့ သိရပါတယ်။

allkpop
allkpop
allkpop

Source allkpop