Kim Soo Hyun စစ်တပ်ထဲမှာ စစ်မှုထမ်းဆောင်ဖို့ သွားတဲ့အချိန်ကစပြီး သူ့ရဲ့ စစ်တပ်ထဲက တာဝန်တွေနဲ့ပတ်သတ်ပြီး သတင်းတွေ သိပ်မကြားရတော့ပါဘူး။ ဒါပေမယ့်လည်း စစ်တပ်ထဲမှာKim Soo Hyun ထမ်းဆောင်နေတဲ့ တာဝန်တွေနဲ့ ပတ်သတ်ပြီး သတင်းတွေ ထပ်ထွက်လို့လာပါတယ်။ သတင်းတွေအရတော့ Kim Soo Hyunထမ်းဆောင်နေရတဲ့ တာဝန်တွေဟာ အတော်လေး အန္တရာယ်များတယ်လို့ သိရပါတယ်။

Kim Soo Hyun ကတော့ စစ်မဲ့ဇုံထဲမှာရှိတဲ့ ရန်သူဘက်ကို ကင်းထောက်ရတဲ့ တပ်ရင်း(၁)မှာ တာဝန်ထမ်းဆောင်နေတာဖြစ်ပါတယ်။

မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားအကြား ကာလကြာရှည်စွာတင်းမာမှုတွေ ဖြစ်ပွားနေခဲ့တာကြောင့် Kim Soo Hyun ဟာ သူရဲ့ တပ်ရင်းနဲ့အတူ ကင်းလှည့်ရပြီး ခြုံခိုတိုက်ခိုက်လာမယ့် သူတွေကိုလည်း ရှာဖွေဖမ်းဆီးရတဲ့ တာဝန်ကို ထမ်းဆောင်နေတာဖြစ်ပါတယ်။ တခါတရံ မြေမြုပ်မိုင်းတွေရှာရတဲ့ အခါလည်း ရှိတယ်လို့သိရပါတယ်။

၂၀၁၅ ခုနှစ်က မြောက်ကိုရီးယားရဲ့ မြေမြုမ်မိုင်း ပေါက်ကွဲမှုကြောင့် နှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်

စစ်တပ်ထဲ လေ့ကျင့်ရေးတွေပြုလုပ်စဉ်မှာလည်း အထက်လူကြီးတွေရဲ့ ချီးကျူးမှုတွေခံခဲ့ရပြီး ရိုင်ဖယ်ကို ကျွမ်းကျွမ်းကျင်ကျင် ပစ်တတ်တဲ့ သူတစ်ယောက်ဖြစ်တယ်လို့လည်း စစ်ရေးအရာရှိတွေကဆိုပါတယ်။ Kim Soo Hyunဟာ သူရဲ့ ရဲဘော်ရဲဘက်တွေထက် အသက်(၁၀)နှစ်လောက်ကြီးပေမယ့်လည်း အားလုံးနဲ့ အဆင်ပြေတဲ့သူတစ်ယောက် ဖြစ်တယ်လို့လည်း သိရပါတယ်။

Source: Koreaboo