Kim Soo Hyun က တော့ တောင်ကိုရီးယားရဲ့ ထိပ်တန်း မင်းသားတစ်လက်ဖြစ်ပြီး ၀င်ငွေ အ ကောင်းဆုံး မင်းသား ပါ။ Kim Soo Hyun က တော့ လက်ရှိမှာပြသ နေတဲ့ KBS 2TV drama “Zombie Detective” ဇာတ်ကားရိုက်ကွင်း ကို လက်ဆောင် တွေ ပို့ ပေးခဲ့ပါတယ်။ဒီဇာတ်ကားရဲ့ ဒါရိုက်တာ အတွက် ပို ပေးခဲ့ပါတယ်။ ရိုက်ကူးရေး အဖွဲ့ သား တွေနဲ့ သရုပ်ဆောင်တွေ သုံးဆောင် ကြဖို့ အတွက် မုန့် နဲ့ သောက်စရာ တွေကို ပို့ ပေးလိုက်တာပါ။ဒီအ ကြောင်းကိုတော့ Soompi မှာ ဖော်ပြထားပါတယ်။

 

View this post on Instagram

 

A post shared by 김수현 Kim Soo Hyun 金秀賢 (@soohyun_k216) on

“ကော်ဖီ သောက်ဖို့ အချိန် ရောက်ပြီ.” “အနံ့ အရသာ ကောင်းတဲ့ ကော်ဖီ လေးက ဒီမှာပါ “ဒါရိုက်တာ Shim Jae Hyun နဲ့ ‘Zombie Detective အတွက်ပါ’” ဆိုပြီး စာတွေ လည်း ရေးထားပါတယ်။  production team ရဲ့ အ ပြောအရ က တော့  “Kim Soo Hyun နဲ့ Shim Jae Hyun တို့ က တော့ နှစ် တွေ အကြာကြီး ခင်မင် ရင်းနှီးလာကြသူတွေ လို့ ဆိုပါတယ်။  Shim Jae Hyun ကလည်း  Kim Soo Hyun က ခုလို လက်ဆောင်တွေ ပို့ ပေးလို့ ကျေးဇူးတင် ၀မ်းသာ နေပါတယ်။Kim Soo Hyun က တော့ 2015 drama “Producer,”  ဆိုတဲ့ ဇာတ်ကားမှာ Shim Jae Hyun  နဲ့ အတူ လက်တွဲ အလုပ်လုပ် ခဲ့ဖူးပါတယ်။ အဲ့ဒီဇာတ်ကားက ဆိုရင် Rating 17.7 % အထိ ရောက်ခဲ့ပါတယ်။

Shim Jae Hyun ရိုက်ကူးထားတဲ့ “Zombie Detective”  ဆိုတဲ့ ဇာတ်ကားက တော့ ဇွန် ဘီ အ ကြောင်းရိုက်ထား တဲ့ ဟာသ ဇာတ်ကား မျိုးပါ။စ ပြတဲ့ အပိုင်း ၁ နဲ့ ၂ မှာတင်ပဲ ပရိသတ်တွေ တော်တော်ေ လး ကြိုက်ကြ တာကို တွေ့ ရပါတယ်။ ဒီဇာတ်ကားမှာတော့ မင်းသား Choi Jin Hyuk နဲ့ Park Ju Hyun တို့ ပါဝင် ထားကြပါတယ်။ဘ၀ သစ် စချင် တဲ့ ဇွန်ဘီ တစ်ကောင်ရဲ့ အလွဲ တွေကို ဟာသဆန်ဆန် ရိုက်ကူးထားတာတာပါ။ Choi Jin Hyuk က တော့ Kim Moo Young ဆိုတဲ့ ဇွန်ဘီ၊ Park Ju Hyun က တော့ Gong Seon Ji ဆိုတဲ့ စုံေ ထာက် မှုခင်း ဂျာနယ် ရဲ့ စာရေး ဆရာမ နေရာ က နေ ပါဝင်ထားပါတယ်။ဒီဇာတ်ကားကိုတော့ အပတ်စဉ် တနင်္လာ နဲ့ အင်္ဂါ နေ့ တွေ မှာ ပုံမှန် ထုတ်လွှင့်ပြ သ နေပါတယ်။

#CELENOW