အမေရိကန် သတင်းလိုင်းဖြစ်တဲ့ KGET ကနေ Kim Samuel ရဲ့ဖခင်ဖြစ်သူ Jose Arrendondo သေဆုံးတဲ့အကြောင်းကို စတင်ပြီးတော့ ကြောငြာခဲ့တာဖြစ်ပါတယ်။ သတင်းမှာတော့ Kim Samuel  ရဲ့ ဖခင်ဟာ မက်ဆီကိုနိုင်ငံ Cabo San Lucas မှာရှိတဲ့ နေအိမ်မှာ အသတ်ခံလိုက်ရတာဖြစ်ပါတယ်။

koreaboo

Jose Arrendondo ရဲ့ သေဆုံးမှုနဲ့ ပတ်သက်ပြီး အခြားတိကျတဲ့ သတင်းတွေတော့ ထွက်လာခြင်းမရှိသေးပါဘူး။

 သာမန်ဘဝကနေ ကြိုးစားပြီး ချမ်းသာလာတဲ့ သူတစ်ယောက်ဖြစ်တယ်လို့ Jose Arrendondo ရဲ့ အကြောင်းကိုလည်း ဂုဏ်ပြုဖော်ပြပေးခဲ့ကြပါတယ်။ Jose Arrendondo ကတော့ လူငယ်ဘဝကတည်းက ကားပွဲစားနဲ့ အိမ်ခြံမြေအကျိုးဆောင်အဖြစ် စီးပွားရေးစလုပ်ခဲ့ပြီး စီးပွားရေးအောင်မြင်လာသူတစ်ယောက်ဖြစ်ပါတယ်။ ကိုရီးယား သတင်းဌာနတွေကတော့ Jose Arrendondo ဟာ Kim Samuel ရဲ့ ဖခင်ဖြစ်တဲ့အကြောင်းကို အတည်ပြုပေးခဲ့ပါတယ်။
koreaboo
Kim Samuel  ငယ်စဉ်က သူ့အဖေရဲ့ လုပ်ငန်းကြော်ငြာမှာ ပါဝင်ခဲ့ဖူးတဲ့ ဓါတ်ပုံလေးကတော့ ပရိသတ်တွေကြားမှာလည်း ပျံနှံနေပါတယ်။ Kim Samuel နဲ့ သူရဲ့ မိသားစုအတွက် ဝမ်းနည်းကြောင်းတွေကိုလည်း ပရိသတ်တွေ ရေးသားပြောဆိုနေကြပြီး အမှန်တရား အမြန်ဆုံးပေါ်ပေါက်ဖို့ ဆုတောင်းနေကြပါတယ်။
koreaboo
koreaboo
Source: Koreaboo