Kim Jong Kook ကတော့ သူနဲ့ HaHa ကြားက ဆက်ဆံရေး အကြောင်းကို ပြောပြခဲ့ပါတယ်။ မကြာသေးမီက JTBC ရဲ့  ‘Knowing Brother’ ဆိုတဲ့ အပိုင်းမှာ HaHa ကို Kim Jong Kook နဲ့  Yoo Jae Suk  ထဲက  တစ်ယောက်ကို ရွေးခဲ့ပါတယ်။’Favorite Hyung World Cup’ အတွင်း အခုလို ရွေးချယ်ဖို့ ပြောခဲ့တာပါ။အဲ့ဒီ အခါ မှာတော့ HaHa တစ်ယောက် ခဏလေး တုံ့ဆိုင်းတွေဝေနေပြီးနောက် Yoo Jae Suk ကို ရွေးချယ် ခဲ့ပါတယ်။

ဇွန်လ (၂၅)ရက်နေ့ မှာတော့ Kim Jong Kook က MBC FM4U’ ရဲ့ Ji Suk Jin’s 2 O’Clock Date’  မှာ အထူး MC အနေနဲ့  ပါဝင်ခဲ့ပြီး ရလဒ်နဲ့ပတ်သက်ပြီး ပြောခဲ့ပါတယ်။ အဲ့ဒီမှာပဲ Yoo Jae Suk ကို ရွေးလိုက်တဲ့ အကြောင်း နဲ့ပတ်သက်ပြီး ထုတ်ပြောခဲ့ပါတယ်။ “အစ်ကို Yoo Jae Suk ကို ရွေးလိုက်တဲ့ အကြောင်း သူပြော ပြတယ်..ကျတော် တောင် သူ့ကို ပြောလိုက်သေးတယ်..မင်းလုပ်တာ မှန်တယ်လို့..ကျတော်တို့က တစ်ယောက်နဲ့ တစ်ယောက် အလေးထားညှာတာကြပါတယ်..HaHa နဲ့ ကျတော်နဲ့က စားသောက်ဆိုင်အတူ ဖွင့်ထားပေမယ့် အစ်ကို Jae Suk က ကျတော့်အတွက် နံပါတ် တစ်ပါပဲ..” ဆိုပြီး ပြောခဲ့ပါတယ်။
Kim Jong Kook ကတော့ အသက် (၄၂)နှစ်ရှိနေပါပြီ။HaHa ကတော့ အသက် (၃၈)နှစ်ပါ။ Running Man ထဲမှာ ဆိုရင် တခြားရွယ်တူတွေက အိမ်ထောင်နဲ့ သားနဲ့မယားနဲ့ ဖြစ်နေပေမယ့် အခုထိ လူပျိုကြီးဘ၀က မကျွတ် သေးတဲ့ Kim Jong Kook ကတော့ သူ့ရဲ့ အချစ်ရေးအိမ်ထောင်ရေးနဲ့ပတ်သက်ပြီး အခုလို ပြောခဲ့ပါတယ်။လူ တော် တော် များများက သူ့ရဲ့ ဇနီးလောင်းအတွက် စံနှုန်းသတ်မှတ်ချက်တွေက အရမ်းမြင့်နေတ်ာဆိုပြီး ပြောနေကြပေမယ့် တကယ်က သူကိုယ်တိုင်လည်း လက်ထပ်ချင်တာမှ တစ်ပိုင်းသေနေပါပြီ..” ဆိုပြီး လူပျိုကြီးကတော့ ပွင့်ပွင့်လင်းလင်း ထုတ်ပြောခဲ့ပါတယ်။
Source allkpop