Kim Jae Wook ကတော့ လက်တလောမှာ မိန်းကလေးပရိသတ်တွေကြားမှာ အရမ်းကို ရေပန်းစားနေတဲ့ ကိုရီးယား မင်းသားတစ်ယောက်ပါ။The Guest ဇာတ်ကားထဲက ဖာသာဇာတ်ကောင်နဲ့ မြန်မာပရိသတ်တွေ ကြားမှာ အရမ်းကို ရေပန်စားခဲ့တာပါ။အသက် (၃၆)နှစ်ရှိနေတဲ့ Kim Jae Wook ကတော့ အနုပညာလောကထဲ ရောက်နေတဲ့ သက် တမ်းက ကြာခဲ့ပါပြီ။Coffee Prince ဆိုတဲ့ နာမည်ကြီး ဇာတ်လမ်းတွဲ ထဲမှာလည်း ပါဝင် ခဲ့ဖူးပါတယ်။ မြန်မာ ပရိသ တ်တွေကြားမှာ ရေပန်းစားစေခဲ့တဲ့ ဇာတ်ကားကတော့ Voice, The Guest နဲ့ အခုနောက် ဆုံးထွက်ရှိ ထားတဲ့  Her Private Life ဇာတ်ကားတွေပါ။မိန်းကလေးပရိသတ်တွေ ၀ိုင်းဝိုင်းလည်နေတဲ့ Kim Jae Wook ရဲ့ Dating သတင်း ထွက်လာပါတယ်။ဒါနဲ့ပါဆိုရင် ဒီလို သတင်းထွက်တာ နှစ်ကြိမ်မြောက်ပါ။ဒီအကြောင်းကိုတော့ Soompi မှာ ဖော်ပြထားပါတယ်။
Image:IG/Kim Jae Wook
Image:IG/Lee Elle’
ဇွန် (၂၇)ရက်နေ့က အွန်လိုင်းပေါ်မှာ ပျံ့ လာခဲ့တာပါ။မင်းသား Kim Jae Wook နဲ့ မင်းသမီး Lee El  တို့ တွဲ နေကြတယ်ဆိုတဲ့ သတင်းတွေပါ။ဒီလို သတင်းတွေ ထွက်ရတဲ့ အဓိက တရားခံကတော့ Lee El  ပါ။သူမရဲ့  IG မှာ လက်စွပ် ၀တ်ထားတဲ့ ပုံကို တင်လိုက်တာပါ။လက်မှာတော့ လှပတဲ့ လက်စွပ် နှစ်ကွင်းကို ၀တ်ထားတာပါ။အဲ့ဒီမှာပဲ ပရိသတ် တွေက အဲ့ဒီလက်စွပ်ဟာ လက်ဝတ်ရတနာ ကုမ္ပဏီတစ်ခုရဲ့ SNS မှာ တင်ထားတဲ့ ပုံထဲက လက်စွပ် နဲ့ အတူတူပဲ ဆိုတာကို သိသွားခဲ့ပါတယ်။
Image:IG/Lee Elle’
Image:IG/Kim Jae Wook
လက်ဝတ်ရတနာ Brand တစ်ခုရဲ့ SNS မှာ တင်ထားတဲ့ လက်ကတော့ အမျိုး သားလက်ပါ။အဲ့ဒီလက်မှာပါတဲ့ မှဲ့ ကို ကြည့်ပြီး ဒါဟာ Kim Jae Wook ရဲ့ လက်ပဲ လို့ Fan တွေ က မှတ် ယူခဲ့ကြတာပါ။ဒါကြောင့် စုံတွဲလက်စွပ်လားဆိုတဲ့ သတင်းတွေ အွန်လိုင်းပေါ်မှာ ပျံ့ ကုန်တာပါ။
Image:IG/Lee Elle’
Image:IG/Lee Elle’

ဇွန်(၂၈)မှာတော့ Management SOOP ဘက်ကနေ ထွက်ပေါ်နေတဲ့ Dating သတင်းတွေ အအတွက် ပြန် တုံ့ ပြန် ခဲ့ပါတယ်။ဓါတ်ပုံထဲက လက်ဟာ Kim Jae Wook ရဲ့ လက်မဟုတ်ကြောင်း၊သူ့ရဲ့ လက်သန်းမှာ မှဲ့ မရှိတဲ့ အေ ကြာင်းနဲ့ Kim Jae Wook  နဲ့ Lee El  တို့ တွဲနေတယ်ဆိုတာ မဟုတ်ပါဘူးလို့ ငြင်းဆိုခဲ့ပါတယ်။လက်ဝတ် ရတနာ ကုမ္ပဏီဘက်ကနေလည်း ဒါဟာ Kim Jae Wook မဟုတ်ပါဘူး။အားပေးနေကျ ပုံမှန် ဖောက်သည် တစ်ယောက်ရဲ့ လက်ပါ။နားလည်မှုမလွဲ စေချင်လို့ SNS မှာ တင်ထားတဲ့ ပုံတွေကို ပြန်ဖျက်လိုက်တာပါ ဆိုပြီး ဖြေရှင်း ခဲ့ပါတယ်။ နားလည်မှုလွဲခဲ့ရတဲ့ အတွက်လည်း ပြန်တောင်းပန်ထားပါတယ်။Kim Jae Wook  နဲ့ Lee El တို့ Dating သတင်း ထွက်တာဟာ ဒါနဲ့ပါဆိုရင် ဒုတိယအကြိမ်မြောက်ပါ။(၂၀၁၈) မေတုန်းကလည်း Lee El  တစ်ယောက်သူမရဲ့  IG မှာ တင်ခဲ့တဲ့ ပုံကြောင့်ပဲ ကောလာဟလသတင်းတွေ ထွက်ခဲ့ဖူးပါတယ်။Kim Jae Wook အိပ်နေတဲ့ ပုံကို တင်လိုက် တာပါ။အဲ့ဒီနောက်မှာတော့ ပုံကို ပြန်ဖျက်ခဲ့ပါတယ်။သူတို့ နှစ်ယောက်ဟာ “Amadeus” မှာ အတူတူသရုပ်ဆောင် ပြီး နောက်ပိုင်းကစလို့ အရမ်းကို ရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်လာခဲ့တာပါ။

Image:IG/Lee Elle’
Image:IG/Lee Elle’

#CELENOW