တောင်ကိုရီးယားမင်းသမီး Kim Ha-neul ကတော့ မြန်မာပရိသတ်တွေနဲ့ ရင်းနှီးပြီးသားမင်းသမီးတစ်ယောက်ပါ။ မော်ဒယ်တစ်ယောက်အဖြစ် အနုပညာလောကထဲ စတင်ဝင်ရောက်လာခဲ့တာဖြစ်ပြီး  My Tutor Friend (2003)  ဆိုတဲ့ ဇာတ်ကား Too Beautiful to Lie (2004)  ဆိုတဲ့ ဇာတ်ကားနဲ့ My Girlfriend Is an Agent (2009) ဆိုတဲ့ ဇာတ်ကားတွေနဲ့ နာမည်ကြီးခဲ့တဲ့ မင်းသမီးတစ်ယောက်ပါ။(၂၀၁၁)မှာတော့ 48th Grand Bell Awards နဲ့ 32nd Blue Dragon Film  တို့မှာ အကောင်းဆုံးမင်းသမီးဆု ရခဲ့ပါတယ်။ဇာတ်လမ်းတွဲ အနေနဲ့ ကတော့ Romance (2002) ၊ A Gentleman’s Dignity (2012), On Air (2008) ၊On the Way to the Airport (2016) တို့နဲ့ နာမည်ကြီးခဲ့ပါတယ်။

အသက်(၄၀) ရှိနေပြီဖြစ်တဲ့ Kim Ha-neul ကတော့ ရင်သွေးလေးမွေးဖွားလိုက်ပါပြီ။သူမရဲ့ ပထမဆုံးရင်သွေးလေြး ဖစ်ပြီးသမီးလေးပါ။မေလ(၂၈)ရက်နေ့က သူမရဲ့ အေဂျင်စီ Sidus HQ ကနေ “Kim Ha Neul  တစ်ယောက် မကြာ သေးခင်ကမှ သမီးလေးမွေးဖွားလိုက်ပါပြီ..ကလေးရော မိခင်ပါ ကျန်းမာ ပါတယ်..” ဆိုပြီး ကြေညာခဲ့ပါတယ်။ Kim Ha Neul  ဟာ (၂၀၁၆) မတ်လက စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်နဲ့ လက်ထပ်ခဲ့ပါတယ်။ကိုယ်ဝန် သတင်းကိုတော့ အောက်တိုဘာက ကြေညာခဲ့တာပါ။

ကိုယ်ဝန်လွယ်ထားချိန်မှာတော့ အနုပညာအလုပ်တွေကို ခေတ္တရပ်ဆိုင်းခဲ့ပြီး ကိုယ်ဝန်ကိုပဲ ဂရုတစိုက်ေ စာင့်ရှောက်ခဲ့ပါတယ်။သူမဟာ မကြာသေးမီကမှ SM C&C နဲ့ စာချုပ်ကို ရပ်ဆိုင်းလိုက်ပြီး မေလ(၂) ရက်နေ့ မှာတော့ လက်ရှိအေဂျင်စီ Sidus HQ နဲ့ လက်တွဲ စာချုပ်ချုပ်ဆိုခဲ့တာပါ။

Source soompi