နာမည်ကြီးအမျိုးသားသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ Kim Dong Wook ဟာ EXO အဖွဲ့ဝင် D.O နဲ့အတူ “Along With the Gods: The Two Worlds” ရုပ်ရှင်မှာ တွဲဖက်သရုပ်ဆောင်ထားပါတယ်။ Kim Dong Wook ဟာ အင်တာဗျူးတစ်ခုမှာ D.O နဲ့အတူ တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ အတွေ့အကြုံကို ပြောပြခဲ့ပါတယ်။ “Do Kyung Sooရဲ့ သရုပ်ဆောင်ချက်တွေက သူဟာ Idol တစ်ယောက်၊ အဆိုတော်တစ်ယောက် မဟုတ်ဘူးလို့တောင် ထင်မှတ်စေပါတယ်။ Do Kyung Soo ဟာ သရုပ်ဆောင်အခန်းတစ်ခုစီတိုင်းမှာ အရမ်းကို အာရုံစူးစိုက်မှုကောင်းပြီး သရုပ်ဆောင်ပညာရပ်မှာ ထူးချွန်တဲ့သူ တစ်ယောက်ဖြစ်တယ်”လို့ Kim Dong Wook က ပြောပြခဲ့ပါတယ်။

“Along With the Gods: The Two Worlds” ရုပ်ရှင်မှာတော့ Kim Dong Wook နဲ့ D.O တို့က စစ်သားအဖြစ်ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

Source: Soompi