Dohyun ကတော့ နာမည်ကြီး အနုပညာအေဂျင်စီတစ်ခုဖြစ်တဲ့ SM Entertainment ရဲ့ ကလေးမော်ဒယ်တစ်ယောက်ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်ဖွားတစ်ယောက်ဖြစ်ပြီးတော့ အသက်ကတော့ (၉)နှစ်ရှိပါပြီ။ အသက်ငယ်ပေမဲ့လည်း သူရဲ့ ချောမောတဲ့ ရုပ်ရည်သွင်ပြင်ကြောင့် BTS အဖွဲ့ရဲ့ Jin, SHINee အဖွဲ့ဝင် Jonghyun တို့နဲ့ ပုံစံတူတယ်လို့လည်း ပရိသတ်တွေက သတ်မှတ်ကြပါတယ်။

မော်ဒယ်ဆန်တဲ့ ခန္ဓာကိုယ်ပုံစံ အနေအထားကလည်း Dohyun ကို ပိုပြီးတော့ ဆွဲဆောင်မှုရှိစေပါတယ်။ Goblin ဇာတ်ကားရဲ့ ပရိသတ်တွေကတော့ Dohyun ကို ၀မ်းနည်းနေတဲ့ မျက်နာထားနဲ့ ဘုရင်သေးသေးလေးတစ်ယောက်အဖြစ် သတိထားမိကြမှာပါ။ Dohyun ဟာ သီချင်းဗီဒီယိုတွေမှာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။

 

Source: Kstarlive